လီဟန် သူ့အရှေ့က အပြေးတပိုင်း
ဝင်သွားတဲ့ CEO အား ကြည့်နေမိသည်။CEO လည်း သခင်လေးကင်မ်ကို
အများကြီး စိတ်ပူနေလောက်မည် ။
သူရောပဲလေ အရမ်းစိတ်ပူနေတာ ။ထိုအကြောင်းတွေကို ကျွန်တော်
အဲနေ့ညကမထင်မှတ်ပဲ အကုန်
သိလိုက်ရတာပင် ။စီအီးအို သခင်လေးကင်မ် ကိုခေါ်ပြီး
အိမ်ပြန်သွားတော့ ကျွန်တော် ရယ်
လီဟာနာ ရယ် Ken ရယ်ပဲ ထိုနေရာ
တွင် ကျန်ခဲ့ကြသည် ။ Ken က အရင်
ကျွန်တော် တို့ အရှေ့က ထွက်သွားတော့
လီဟာနာ ရယ် ကျွန်တော် ရယ်သာ
ကျန်ခဲ့သည် ။ ကျွန်တော် လည်း ပြန်ဖို့
အလုပ် လီဟာနာ့ အနားသို့ လူတစ်ယောက်
ရောက်လာသည် ။ အဲလူအနားရောက်တော့
သူမ မျက်နှာ ပျက်ယွင်းသွားသည် ။ဘာလို့မှန်း မသိ သူတို့ နှစ်ယောက်က
သာမန်တော့ ဟုတ်မနေတာ ခံစားမိလိုက်
သည် ။ ထိုအမျိုးသားက ပွတ်သီးပွတ်သပ်
လုပ်တော့ ဟာနာက ကျွန်တော် ရှိလို့ထင်
လက်ကို ဆွဲပြီး တစ်နေရာရာသို့ခေါ်သွား
တော့သည် ။ ထို့နောက်ကျွန်တော်လည်း
ထိုနေရာက လှည့်ထွက်ရန် အိမ်ပြန်ရန်
ကားထဲ ဝင်ပြီး မောင်းထွက် လာခဲ့တော့
သည် ။အိမ်ပြန်ရောက်လို့ ရေမိုးချိုးပြီး
ကျွန်တော် ကုတင်ပေါ်ထိုင်ကာ
ဒီနေ့ ဖြစ်ပျက်သမျှအား တွေးကြည့်
နေလိုက်သည် ။ အားလုံးသည် ရှုပ်ထွေး
လွန်းနေသည် ။ ကျွန်တော့် ခေါင်းတွေ
ပူအောင် ဆက်ပြီး တွေးမနေတော့ပဲ
အနားယူရန် မွေ့ယာပေါ်သို့ လှဲချလိုက်
သည် ။ထို့နောက် သူ့ ကျောဘက်အောက်က
ခိုးလိုးခုလုဖြစ်နေတဲ့ အရာတစ်ခု ၊
သူ ကုန်းထကာ ကြည့်လိုက်တော့
ကျွန်တော့် ရဲ့ ဘောပင်လေးပင် ။ဒီဘော့ပင်လေးကသူလက်ဆောင်
ရထားတဲ့ ဟာလေး ။တစ်စုံတစ်ဦး
ကကိုယ့်အတွက် ရည်ရွယ်ပြီး ပေးတဲ့လက်ဆောင်လေးမို့ သူအများကြီး
တန်ဖိုးထားပါသည် ။ထိုဘောပင်လေးက သူ့အတွက်တော့
အများကြီး အသုံးဝင်သည် ။
အစည်းအဝေး တက်ရင်းလည်း အသံ
တွေကို record လုပ်ထားလို့ရသည် ။
ဒါက ဘောပင်လေးရဲ့ ထူးခြားချက်ပေါ့ ....
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️