🍓 & 🚬 "21"

1.7K 244 89
                                    

" ဘယ်သွားမှာလဲ !! "

" ဘယ်သူလဲ ခင်ဗျားက ! သန့်ရှင်းရေးဝန်ထမ်း
ကများ ရာရာစစ ! "

သခင်လေးကင်မ် သူ့ကို ကိုယ်ထိလက်ရောက် လာရောက် စော်ကား သူအား လေသံမာမာဖြင့် ပြန်အော်လိုက်ပြီး ဂျွန်ဂျောင်ဂု နဲ့ တိုင်ရန်
မှတ်တေးထားလိုက်သည်၊၊ အလုပ်ထုတ်ဖို့ ...၊၊

တစ်ဖက်လှည့်ကာ ခါးထောက်နေသူအား ဘယ်သူမှန်း သူ သိပ်သိချင် နေသည်၊၊ တကယ် သန့်ရှင်း ဝန်ထမ်း ကများ ဘာကြောင့် ဒီလောက်ထိ !

" ဒုန်း !! "

ထိုလူက သူလွယ်ထားသော ပိုးသတ်ဆေးပုန်း အားပစ်ချလိုက်သည်၊၊ ထို့နောက် အပေါ် ဦးထုပ်အား ချွတ်လိုက်သည်၊၊

ရုပ်ကတော့ လူယုတ်မာ ရုပ်ပင် ၊၊ အကုန် မမြင်ရလည်း ခံမှန်းလို့ ရသည် ၊၊ အခု ထိုလူက သူ့ကို ဘာလုပ်မလို့လဲ !! သူ အပြင်ထွက်လို့ မရတော့ ..

" အင့် ..."

သူတွေးနေရင်း နံရံနှင့် ကျောကုန်း ကပ်ခံလိုက်ရကာ ပါးတွေကိုလည်း ညှစ်လာပြီး သူ့မျက်နှာအား စေ့စေ့ကြည့်သည်၊၊

" မင်း ဘယ်သူလဲ !! "

သူ့ကို မြင်ရင် ဒီလို မေးတာ ဂျွန်ဂျောင်ဂု အပါအဝင် သုံးယောက် ရှိပြီ ၊၊ ဂျွန်ဂျောင်ဂု ၊
လီဟာနာ ၊ ပြီးတော့ ....

"ကျုပ်ဘာသာ ဘယ်သူ ဖြစ်ဖြစ် ခင်ဗျား
စောက်ကြောင်းလား !!"

" မင်း မသေဘူးလား !! "

ထပ်ထွက်လာတဲ့ အသံကြောင့် ဘာကို ဆိုလိုသည်လည်း အနည်းငယ် ရိပ်မိလိုက်သည်၊၊ ကိုကို နဲ့ သူ့ကို မှားနေတာလား ၊၊

" ခင်ဗျား ဘာစောက်ရူးစကားတွေ ပြောနေ
တာလဲ !ကျုပ်ကို လွှတ်စမ်း ! ! "

" ငါ မေးတာ ဖြေ မင်းဘယ်သူလဲ !! "

" ......"

သခင်လေး ကင်မ် အကြပ်ရိုက်သွားသည်၊၊ သူ့ကိုယ်သူ ကိုကို ပါလို့ ဟန်ဆောင် ပြီး ပြောလိုက်ရင်ရော ... ဘယ်လို ဖြစ်သွားမလဲ ၊၊

" Jay. ... ကျွန်တော့် နာမည်က Jay ကင်မ်အိမ်တော်ရဲ့ တစ်ဦးတည်းသော သခင်လေးကင်မ်
ဆိုတာကျုပ်ပဲ ၊၊ "

 𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬    ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||Where stories live. Discover now