🍓 & 🚬 "34"

1.8K 232 72
                                    

ရှုပ်ထွေးလှတဲ့ ဇာတ်လမ်းတွေ ၊
မပြီးဆုံးနိုင်သော ခြယ်လှယ်မှုတွေသည််
ထိုနေ့ကပဲ အဆုံးသတ်သွားခဲ့လေသည် ။

လီဟာနာ သေဆုံးမှုနှင့်အတူ ဂျွန်အိမ်တော်
သည်လည်း ရက်အနည်းငယ်အကြာ အထိ ယောက်ယက်ခတ် သွားသည်။
အမှုကိစ္စသည် သူတို့နှင့် တိုက်ရိုက်
ပတ်သတ်နေပေမဲ့လည်း သူတို့ရဲ့
စီးပွားရေး ရှယ်ယာ စျေးကွက် ကိုတော့
နည်းနည်းလေးမှ မထိခိုက်ခဲ့ ဘာလို့ဆို
သူတို့ဟာ နစ်နာသူတွေမို့လိုပင် ။
ဂျိုးဇက် သည်အမှန်တရားအားလုံးကို
မီဒီယာ အားဖော်ပြဖြေကြားကာ ဟန်နာရာသေဆုံးမှုအတွက်ပါ အားလုံးကို တရားရင်
ဆိုင်ရမည်ဖြစ်သည် ။ ကြီးလေးသည့်
ပြစ်ဒဏ်မို့တစ်သက်တစ်ကျွန်းတောင်
ပြစ်ဒဏ်ခံရနိုင်သည် ။ မဟုတ်တောင် သေမိန့် ...

" ဟူး ... "

" ပင်ပန်းသွားပါပြီ CEO "

" အွန်း မင်းရော ... "

ဧည့်ခန်းအတွင်းက ဆိုဖာပေါ်တွင် ခြေပစ်လက်ပစ် ဝင်ထိုင်ကာ ရှပ်အင်္ကျီမှ ကြယ်သီးသုံးလုံးလောက်အား ခွဲချလိုက်သည် ။

အမှုသည် ဂျိုးဇက်ကဝန်ခံပြီးသော်လည်း
ရဲမှုးက သူတို့ကိုပါ ထပ်၍ဆင့်ခေါ်ပြန်သည် ။
လီဟာနာ့ စျာပန အားတော့ ကျွန်တော်
မသွားဖြစ်ခဲ့တော့ ... သံယောဇဉ် တွေအကုန်
ကို ကျွန်တော် ဖြတ်တောက်ပစ်လိုက်မိသည်။

" CEO အခု အားလုံးလည်း ရှင်းသွားပြီ
ဆိုတော့ ရှေ့ဆက် ဘာလုပ်မှာလဲ ဟင် ။"

" ဘာလုပ်ရမှာလဲ ငါက ! "

လီဟန်မေးသည့် အမေးကို သူသိပါသည်။
သက်သက် ပြောလိုက်ခြင်းသာ ...
ဘာလုပ်ရမလဲ သူလည်း တွေးထားပါ
သည် သို့သော် အဖြေဟာ အခုထိ မရေမရာ
ပါပဲ ....

" မဟုတ်ဘူးလေ CEO !! အစ်မနာရာ့ကို
သတ်ခဲ့တာ သခင်လေးကင်မ် မဟုတ်ဘူး
လေ အဲတော့ CEO လည်း သံသယ ရှင်း
လို့ရပြီ ။ ပြီးတော့ အစ်ကိုဆော့ဂျင်ကို
ကလဲ့စားချေချင်လို့ လက်ထပ်တာမျိုး
မဟုတ်ပဲ အနားနေဖို့ သေချာခွင့်တောင်း
သင့်တယ်လို့ ထင်တယ် ... အရင်တုန်းက ဆက်ဆံရေး မကောင်းခဲ့ဘူး မဟုတ်လား
သခင်လေးကင်မ် ကိုလည်း ...

 𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬    ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||Where stories live. Discover now