ဒီနေ့က အရေးကြီးတဲ့နေ့ ...
ထို့ကြောင့် ကင်မ်အိမ်တော် တစ်အိမ်လုံး
အလုပ်ရှုပ်နေသည်၊၊ တစ်စုံတစ်ယောက်မှ
လွဲ၍ .....သခင်လေးကင်မ်၏ အမိန့်အရ လပ်ထပ်ပွဲ
သည် အိမ်တော်တွင် ကျင်းပရမည်၊၊
ထို့ကြောင့် အိမ်တော် အနှံ့ အဖြူရောင်
ပန်းများဖြင့် ပြင်ဆင်ခြယ်သနေသည်၊၊
အိမ်တော်က အလုပ်သမားများ သခင်မကြီး
နဲ့အတူ CEO ကြီး ဂျွန်ဂျောင်ဂု တို့သည်
သူတို့ တာဝန်ယူရမည့် အပိုင်းများအား
လုပ်ကိုင်နေကြသည်၊၊" Hello ! Jack ဘယ်မှာလဲ?
မရောက်သေးဘူးလား ၊၊
လာခေါ်ပါတော့ဆို ၊၊ "ဖုန်းသံအား အော်ကာ ပြောလာသော
သခင်လေးကင်မ်သည် တစ်ကယ့်
တောသားစတိုင်လ် ခုနှစ်အိမ်ကြား
ရှစ်အိမ်ကြားအသံနှင့် ၊၊
လျှောက်လမ်းတစ်လျှောက်
အလှဆင်ထားသော ပန်းပွင့်များအား
ဖြစ်သလို ဆွဲကာ ခြွေပစ်ခဲ့သေးသည်၊၊ဆော့ဂျင်ရဲ့ အပြုအမူတွေအား
လှေကားအောက်မှ သခင်မကြီး
ရော ဂျောင်ဂုပါ ကြည့်နေကြသည်၊၊သို့ပေမယ့် ကင်မ်ဆော့ဂျင် တို့က
ဂရုကို မစိုက် ၊၊ အမြင်ရှုပ်နေလို့ ခြွေပစ်
ခဲ့တယ် ဘာဖြစ်သလဲ ?ဘာတွေလည်း ရှုပ်ရှုပ်ယှက်ယှက်
ဒါမျိုးတွေ ဘယ်သူက စီစဥ်ခိုင်းသလဲ ၊၊
ဧည့်ပရိသတ် တစ်ယောက်မှ မရှိတဲ့ ပွဲကိုများ ၊၊
သက်သက်အလုပ်ရှုပ်ခံလို့ !
လက်ထပ်စာချုပ်မှာ လက်မှတ်ပဲ ထိုးပေးမှာ
ဒါတောင် မဖြစ်မနေမို့ ၊၊" ဒါ ဘယ်လဲ သားငယ် "
အောက်သို့ ရောက်ရောက်ခြင်း
သခင်မကြီးမှ စီးကာ မေးသည်၊၊
ဂျောင်ဂုကတော့ အခုထိ ကြည့်နေတုန်း၊၊" အပြင် "
" ဘာလို့ သွားမှာလဲ အခုချိန်က
လည်ရမဲ့ အချိန်မဟုတ်ဘူးနော်
သားငယ် ၊၊ ကိုယ်ပွဲဆိုတာလည်း
သတိရပါအုံး ၊၊ "" ဘယ်သူက အဲ့ပွဲကို လုပ်ချင်နေလို့လဲ ?
လုပ်ချင်တဲ့လူက လုပ်ပေါ့ !
ဟက် .... လက်မှတ်ထိုးပေးတာပဲ
ကံကောင်းတယ်မှတ် "" သားငယ် မရိုင်းပြစမ်းနဲ့
မင်း မှားခဲ့တာ ဂျွန်ဂျောင်ဂု
နဲ့မို့ တစ်ခြားလူနဲ့ဆို ငါ
တွေးတောင် မတွေးရဲဘူး ၊၊
မင်း ဂျောင်ဂုကို ကောင်းကောင်း
မွန်မွန် ဆက်ဆံနော် သားငယ် ၊၊
မေမေ ဒီလောက်ပဲ ပြောမယ်၊၊ "
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️