တစ်ရေးနိုး အိပ်ယာက နိုးလာတော့ ကုန်းထကာ အောက်ထပ်သို့ ဆင်းရန် ပြင်လိုက်သည် ၊၊
ဗိုက်ဆာနေပြီ ၊၊ ည ဦးပိုင်းကတည်းက ဘာမှ
မစားထားရသေးဘူး ၊၊ ထို့ကြောင့် ဗိုက်ဆာလို့
နိုးလာတော့သည် ၊၊ စားပွဲပေါ်က နာရီကို ကြည့်
လိုက်တော့ မနက် 2 နာရီ ထိုးနေပြီ ၊၊ စားစရာ
ဘာမှ မရှိရင်လည်း ကိုယ့်ဘာသာ ကိုယ်ပဲ
ခေါက်ဆွဲ ပြုတ်စားမည် ၊၊လက်တွေ ခြေတွေ အကောင်းကြီး ၊၊
အခန်းထဲတွင်တော့ ဟိုလူ မရှိ ၊၊
ကောင်းတယ် မရှိနဲ့ ၊၊အောက်ထပ်သို့ ဆင်းလာတော့ ပထမဆုံး မြင်ရ
သည့် အရာကြောင့် ဒေါသတို့ ထွက်လာရ ပြန်သည်၊၊"မျက်လုံးဖွင့်ဖွင့်ချင်းပဲ ကျက်သရေက စတုန်းပြီ၊၊ "
ကွဲသွားသော မှန်ဘောင်တွေအား ပယ်ချကာ
ထပ်ကပ််ထားသော ထိုပုံ ၊၊ အဲ့သလောက်သဘော
ကျနေရင် ခေါင်းပေါ်တင်ပြီး သွားလေရာ ယူသွား
လို့သာ ပြောလိုက်ချင်သည်၊၊ကျက်သရေ မရှိတဲ့ ပုံ ...!!
ဗိုက်က ဆာနေပြီမို့ စားပြီးမှ ပြဿနာရှာမည်၊၊
ဟိုလူကြီး ဂျွန်ဂျောင်ဂု ကိုကြည့်လိုက်တော့
ဧည့်ခန်းဆိုဖာပေါ်တွင် အိပ်ပျော်နေသည်၊၊
အိပ်ပျော်နေတဲ့ ပုံက စိတ်ချလက်ချ ၊၊
ဆင်တက် နင်းတာတောင် နိုးမည့်ပုံ မပေါ်၊၊ထို့နောက် ဆော့ဂျင်လည်း မီးဖို အခန်းထဲသို့
သာဝင်သွားရန် ဦးတည်လိုက်တော့သည်၊၊စားပွဲပေါ်ကို ဖွင့်ကြည့်လိုက်တော့ အေးစက်စက်
ဟင်းခွက်တွေ ၊၊ မှာ ထားပုံပေါ်သည် ၊၊
ထိုလူချက်ရင် ဒီပုံစံ ထွက်လာမည် မဟုတ်
သိသားပဲ ၊၊စားမရလို့ အကုန်လွှင့်ပစ် ရမှာ ၊၊
ထိုဟင်းခွက်တွေအား ဒီတိုင်း ပစ်ထားကာ ခေါက်ဆွဲပြုတ်ရန်သာ ပြင်လိုက်သည်၊၊ဆယ့်ငါးမိနစ် လောက်ကြာတော့ခေါက်ဆွဲ အဆင်သင့် ဖြစ်လေပြီ၊၊ ဗိုက်ဆာတာမို့
ခေါက်ဆွဲကို အပူပေးရုံသာ ......" နိုးလာပြီလား ၊၊ ?"
" အ့ အိုမား "!! "
အနောက် ကနေ လက်ပိုက်ကာ ကြည့်နေသော
ထိုလူထံမှ ထွက်လာသော အသံဖြစ်သည်၊၊
ရုတ်တရတ် ကြားလိုက်ရတာမို့ အနည်းငယ်လန့်
သွားရသေး ပေမယ့် သရုပ်ပျက်သွားပုံအား
အလျှင်အမြန် ပြန်ထိန်းလိုက်သည်၊၊ ထို့နောက်
ထိုလူအား မသိချင်ယောင် ထပ်ဆောင်လိုက်သည်၊၊
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️