" ဘယ်ဘယ်ရီ "
သတိပေးချက်အသံမှာ တိုးတိုးလေး၊၊မဝံ့မရဲ နှင့် ထိုနာမ်စားအား ဒုတိယအနေနဲ့ ပြန်ရွတ်နေမိသည်၊၊ ထို့အတူ အာရုံများသည်လည်း
ဟိုဟို ဒီဒီ ပြေးလွှားကုန်သည်၊၊~~~~~~~~ 🍓
" ကျစ် ! ဘာလုပ်တာလဲ ? "
" ဆေးလိပ်တွေ မသောက်ပါနဲ့ ကိုကို ၊၊"
ဆေးလိပ်မသောက်ဖို့ တားမြစ် သံသည် ခပ်
ဆောင့်ဆောင့်လေး ထွက်ပေါ်လာသည်၊၊လက်ထဲက မီးညှိ့ပြီးသား ဆေးလိပ်သည်
ရုတ်တရတ် ဖြတ်အလုခံလိုက်ရတာမို့
ဂျောင်ဂု စိတ်မရှည်သလို ကျစ်တစ်ချက်
သပ်လိုက်သည် ၊၊ သို့ပေမယ့် မအော်ပါ၊
မဆူရက်ပါ၊ ကိုကို ဆိုတဲ့ နာမ်စား တစ်ခုနဲ့
တင် ဒီလူဟာ လက်နက် ချပြီးသား၊၊
ပျော့ကွက်တွေအား ကောင်းကောင်းသိသည့်
ထိုအဖြူကောင်လေးက နှုတ်ခမ်းများ
ဆုချွန်ကာ ချွဲလာသည်၊၊ ထိုပိုးဥလုံးလေးရဲ့
အားသာချက်က ...." ဆေးလိပ်သောက်တာကိုကို့အပြစ်မဟုတ်ဘူး ၊၊
ကျွန်တော် နမ်းရမဲ့ ဒီနှုတ်ခမ်းသားတွေ ညိုကုန်
ရင်တော့ ဒါ ကိုကို့ အပြစ် ဖြစ်သွားပြီနော် ၊၊"သူနာခံချင်လောက်တဲ့ အထိ ပြောဆိုတတ်တာ၊၊
လေယူလေသိမ်း ကအစ နာခံချင်စရာ အရမ်း
ကောင်းသည်၊၊ သူသည် ကျွန်တော့် ရဲ့ တစ်ဦး
တည်းသော ချစ်ရသူ ဖြစ်သည်၊၊
ဘယ်သော အခါမှ လေသံ မာမာ မပြောတဲ့
ကျွန်တော့် ချစ်သူ ဟာ သူ မကြိုက်တာတွေ
လုပ်နေရင်တောင် ကျွန်တော့်ကို နာခံချင်
လာအောင် အပျော့ဆွဲ နဲ့ ချော့မြူဆဲ ၊၊
အခုလည်း လက်ညှိုး လေး တစ်ထောင်ထောင်
ဖြင့်ပြောဆို ဆုံးမနေသည်၊၊" ဆေးလိပ်တွေ သောက်ရင် ပေးမနမ်းတော့ဘူး
ကိုကို ၊၊ "ထပ်ထွက်လာသော အသံတို့သည်
နူးနူးညံ့ညံ့ ၊၊ ရစ်မူးပစ်လိုက်ဖို့
ကောင်းပုံများ ဝိုင်နီ တစ်လုံး ကဲ့သို့ ၊၊" ဘယ်ရီ့ နှုတ်ခမ်းကို မနမ်းရရင် ကိုကို
ရူးသွားမှာပေါ့ ၊၊"" ဒါဆို ဆေးလိပ်တွေ မသောက်နဲ့ပေါ့ ၊၊
ကျွန်တော် က ကိုကို့ နှုတ်ခမ်းသား ရဲရဲ
တွေကိုပဲ သဘောကျတာ ၊၊ "
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️