ဆိုးလ်ရဲ့ လမ်းမထက်မှာ မောင်းနှင် လာသော
ကားလေးမှာ အရှိန် တရေးရေးဖြင့် ...
ကားထဲက လေထုကတော့ အေးစက်လျှက်ရှိသည်၊၊ဘေးချင်းကပ်ရပ် ထိုင်နေသော လူနှစ်ယောက်ဟာကျောက်ရုပ်တွေ သဖွယ် အရှေ့တည့်တည့်
ကိုပဲ ကြည့်ကာလက်ပိုက်ထားသည်၊၊
တည်တင်းနေသောမျက်နှာထား များသည်
နှစ်ယောက်စလုံး မျက်နှာပေါ်တွင် ထင်ဟပ်နေသည်၊၊ အရှေ့က ကားမောင်းသူ
ကြက်တူရွေးလို ကောင်လေးကလည်း
ဒီနေ့မှ နှုတ်ဆိတ်နေသည် ၊၊ဆော့ဂျင် အိမ်မှာ ဂျောင်ဂု အမေ ရောက်နေ
သည်ဆိုတာကို သိပါသည်၊၊ ဟိုမိန်းမ
ပါလာသည်ကိုလည်း သိပါသည်၊၊
သူ ဂျောင်ဂု အမေနဲ့ လက်ထပ်တုန်းက
တစ်ခါသာ တွေ့ဆုံဖူးသည်၊၊အားလုံးသည် အကျဥ်းချုံးမို့ သူဘာမှ ဂရုမ
ထားခဲ့ပါ ၊၊ စကားတောင်မပြောကြည့်ခဲ့ဖူးဘူး ၊၊
ဂျောင်ဂု အမေ သူ့ကို သဘောကျလား မကျလား
လည်း သူမသိပါ၊၊ စိတ်လည်း မဝင်စားပါဘူး ၊၊
သဘောမကျလည်း နေပေါ့ .... ဆော့ဂျင် သူအတွေးတွေနဲ့သူ ဘေးကနေ အောက်နှုတ်ခမ်း
တွေကို တတိတိ ကိုက်ဖြတ်ရင်း ငြိမ်ငြိမ်သက်သက်လိုက်ပါလာခဲ့သည် ၊၊" ကျစ် !! "
ရုတ်တရတ် ကျစ် စုပ်သံကို ကြားလိုက်ရတော့
သူ သူ့ဘေးက ဂျောင်ဂုကို ကြည့်လိုက်မိသည် ၊၊
ပါးစောင်တွေအား လျှာနဲ့အထိပါ ထိုးကာ တစ်
ခုခုကို မကျေနပ်သလို ရှိနေသည်၊၊ ကားအရှေ့
ခန်းက လီဟန်ကပါ သတိထားမိကာ ကြည့်တော့
ဂျောင်ဂုက သူတို့ကို စိမ်းစိမ်း ပြန်ကြည့်သည်၊၊အူး ဝါး အလာကြီးပဲ .... အခုက သက်သက်
ရန်ထောင်နေတာနဲ့ မတူဘူးလား !!ထို့နောက် ဆော့ဂျင်လည်း ဂျောင်ဂုကို အကြည့်
လွှဲကာ အရှေ့ကိုပဲ လှည့်နေလိုက်သည်၊၊ဂျောင်ဂုက သူ့ဘေးက သူ့ကို ကြည့်ပြီး
တစ်ဖက်ပြန်လှည့်သွားသူကို မကျေနပ်ချင်ပါ ၊၊
သူ အခုလိုတွေ ဒေါသထွက်နေရတာ
ကင်မ်ဆော့ဂျင် ကြောင့် မဟုတ်လား ၊၊ သူက
ဘာလို့ ဟိုကောင့်ကို တွေ့ဖို့ လက်ခံခဲ့တာလဲ !!
တကယ်ပဲ နေမကောင်း ဖြစ်နေတာပဲကောင်းတယ်၊၊
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️