ကျောင်းသွားရန် ကျွန်တော့် ခြေလှမ်း
တွေဟာ အနည်းငယ် တက်ကြွနေခဲ့ပါသည်။
တွေ့နေကျ နေရာမှာ တွေ့ချင်တဲ့လူဟာ
စောင့်နေလိမ့်မည် ။ ဒီအတွေးလေးတစ်ခုက
အိပ်ယာထ ပျင်းတဲ့ ကျွန်တော့် အတွက် အကောင်းဆုံး နှိုးစက်သံလေးပါပဲ ။သူ့ကို သတိထားမိလာတာ တစ်လပြည့်ပြီ
ထိုသို့ နေ့ရက်တွေ ဖြတ်သန်းလာသည်
နှင့်အတူ ဘာမှန်း မသိတဲ့ အကြောင်းပြ
ချက်တွေနဲ့ သူနဲ့ ကျွန်တော်ပတ်သတ်ခဲ့သည်။
ငယ်ရွယ်သူတွေမို့ ထင်ပါသည် အမှန်အမှား
မခွဲခြား စိတ်ရဲ့ အလိုတိုင်းသာ ...
ဒီအတောအတွင်း သူ့အနားကပ်ကာ
မရေရာတဲ့ အကြောင်းပြချက် ၊
ခိုင်းစေမှုတွေ အနိုင်ကျင့်တာတွေ
အားလုံး လုပ်ခဲ့သည် ။ အကြောင်းပြချက်
လား မရှိပါဘူးဒီတိုင်း အတူ ရှိနေရတာကို
သဘောကျလို့ ။လက်ရှိအခြေအနေက သူငယ်ချင်း မကျ
ရည်းစားမကျပါပဲ ။ ဘာမှန်း မသိတဲ့
အခြေအနေမှာ သူ နှင့် ကျွန်တော် ....
သူ့ဘက်ကတော့ ဘာမှန်း မသိသော်လည်း
ကျွန်တော် ကတော့ မျက်စိရှေ့က
အပျောက် မခံနိုင်တာတော့ သိသည် ။
ဒီအတောအတွင်း အလုပ်ရနေသည်
ထင်ပါသည် ။ တစ်ယောက်တည်း ရှိတဲ့ သူငယ်ချင်းမ ကိုတောင် အချိန်မပေးဖြစ်
သူဟာ လိပ်ပြာလေးလို ထိုကောင်လေးရဲ့
အနား ဝဲပျံ နေမိသည် .... ။ သို့ပေမယ့်
ထူးဆန်းစွာ သူ့ရဲ့ နာမည်တောင် မသိသေး ! ဟင်း ရယ်ရတယ် မလား ။သူ့ကို ကျွန်တော် စတွေ့ကတည်းက မအူ
မလည် နဲ့ ပုံစံက အသည်းယား စရာလေး
မို့ ပိုသတိထားမိခဲ့တာ ။ အဲနေ့က ကျောင်းသား အသစ် ဆိုပြီး လူတွေဝိုင်းပြောနေကြတာ ။ အရမ်းချောတာပဲ ဆိုတာလည်း ပါးစပ်ကမချ တကယ်လည်းချောသားကို !
အဲနေ့က နာမည်ကြီးပါတယ်ဆိုတဲ့
သူ့ကိုတောင် ဘယ်သူ့မှသတိမထားမိကြဘူး
ထင်ရဲ့ ....
ထိုကောင်လေးကိုပဲ ကြည့်နေကြတာ ။
ထင်သလောက်လည်း စိတ်ဝင်စားဖို့
မကောင်းပဲနဲ့ အလကား ကြည့်ရုံနဲ့
မားမားဘွိုင်း ပုံစံမျိုး ဘယ်ကောင်မလေး
မှ သူ့ကို စိတ်ဝင်စားမှာ မဟုတ် ။ ပြီးတော့
လည်း ရုပ်ကလေးက ချစ်စရာကောင်း
တာ အပြင် သူ့လိုပဲ မိုက်မနေပါဘူး ။
အဲနေ့ကတည်းက မေ့ဖို့ တွေးထားပေမယ့်
ထိုသူရဲ့ အကြောင်း သူ့နားထဲ တော်တော်
ကြားနေရသည် ။ စိတ်ရှုပ်စရာ ကောင်းအောင် !
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️