" ရော့ ဆေးလိပ် သွားဝယ်ပေး !! "
" ...... "
" ဟေ့ မင်းမှာ နားမပါဘူးလား !
ငါ့အတွက် ဆေးလိပ် သွားဝယ်ပေးလို့ !"ကျောင်းက အပြန် ဂိမ်းဆိုင်သို့ သွားသည့်
လမ်းကြားထဲက တစ်နေရာတွင် ဖြစ်သည်။
ပထမနှစ် ကျောင်းသားလေး အား
ဂျောင်ဂုနဲ့ သူ၏ သူငယ်ချင်း နှစ်ယောက်မှ အနိုင်ကျင့် နေသည် ။ အိတ်ကပ်ထဲက
ပိုက်ဆံအား ထုတ်ပေးကာ ဆေးလိပ်သွား
ဝယ်ခိုင်းနေသည် ။ မအူမလည် ပထမနှစ်
လေးကတော့ ယောင်ချာချာ !
အနည်ငယ်လည်း လန့်နေပုံရသည် ။ဘုတ် !
ထို့နောက် ဂျောင်ဂုက လွယ်အိတ်နဲ့
သူ့အရှေ့က ကောင်လေးအား ပစ်ပေါက်
လိုက်သည် ။ ပြီးနောက် ကော်လံစကို
ဆွဲကာ မျက်နှာနားသို့ ကပ်လိုက်သည်။" သေချင်နေတာလား !! "
" ကျွန်တော့်ကိုလွှတ်ပါ ။ "
" ငြိမ်ငြိမ်နေ ! "
အင့် ...
ဆော့ဂျယ် ရုန်းဖယ်တော့ ထပ်၍
တင်းကြပ်လာသော အင်္ကျီကြောင့်
အသံထွက်မိသွားသည် ။
ဆော့ဂျယ် ဒီနှစ်မှ ကျောင်းစတက်တာ
တစ်ပတ်ပဲရှိသေးတာမို့ သူ စကား မများချင်ပါ။ မဟုတ်တောင် သူက စကားများ ရန်ဖြစ်ရတာတွေမကြိုက်ဘူး ။ ပြဿနာများတဲ့ လူတွေကိုလည်း သူ သဘောမကျပါ ။
ဘာလို့ ကိုယ့်ထမင်း ကိုယ်စားပြီး
သူများသားသမီးတွေကို အနိုင်လိုက်
ကျင့်နေလဲ မပြောတတ် ။ သိပ်ကို
ရိုင်းလွန်းရာ ကျနေတယ် မဟုတ်ဘူးလား။
သူ့ကိုလည်း ဘယ်လို သတိထားမိသွား
လည်းမသိ မြင်မြင်ချင်း ဆောက်နဲ့ထွင်း
အရမ်းကိုမှ အဆင်ပြေနေရောပါပဲ ။" ဟိတ် မင်း မသွားသေးဘူးလား ။ "
" ကျွန်တော်က ဘာလို့ သွားဝယ်ပေးရမှာလဲ အစ်ကို တို့မှာလည်း လက်တွေပါတယ်
မဟုတ်ဘူးလား ။ ဘာလို့ ကျွန်တော့်ကို
ခိုင်းတာလဲ ကျွန်တော် သောက်ချင်တာလည်း မဟုတ်ပဲ ..." အား လျှာရှည်တယ် ! ပါးစပ်ပိတ်ထား !
ဆော့ဂျယ်က ခပ်ဖြည်းဖြည်းသာ ငြင်းဆန်
လိုက်ပေမယ့် ဂျောင်ဂု တစ်ယောက် ရှူးရှူးရှဲရှဲရှဲ
ဖြစ်လာသည် ။ ရာရာစစ အားလုံးကြောက်ရတဲ့ သူ့ကို ဒီအရှေ့က မလှုပ်မခြောက် နဲ့အဖြူလုံးလေးက တစ်ခွန်း မကျန် ခံပတ်နေသည် ။
မာနထိခိုက်သည် ! imageကျသည် !
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️