" ဒီခွက်ကို သခင်လေးကင်မ်ကို
သွားပေးလိုက်တော့လေ ဘာလုပ်နေ
တာလဲ !! "" ဟုတ်ကဲ့ ။ "
ဆော့ဂျင် အတွက် သီးသန့် ဖျော်စပ်
ထားသော အရက်ခွက်အား လီဟာနာ
က အကြံအစည် ရှိရှိ ဂျိုးဇက်အား
ဆော့ဂျင် လက်ထဲ အရောက် သွားထည့်ပေးခိုင်းသည်။" ခဏနေအုံး ဒီတစ်ခါတော့
မလွဲစေတော့နဲ့ တစ်ခါတည်း
အသေလိုချင်တယ် ။ "" စိတ်ချပါ ။ "
"အရမ်းတော်တယ် .... ။
သူ့ကို ဒီနေ့ည အပြတ်ရှင်းပေး ။"ထွက်သွားတော့မဲ့ ဂျိုးဇက်အား
ရပ်တန့်စေကာ ထပ်၍ မှာကြားသည်။
ဒီနေ့ညသည် သူ့အကြံအစည်တွေ
အကောင်အထည်ဖော်ဖို့ အကောင်းဆုံး
ညဖြစ်သည် ။" ဟက် .... သောက်ပြီးရင် အရသာက
ဘယ်လိုနေလဲ ပြောပြပါအုံး
သခင်လေးကင်မ် "အရက်ခွက်ကို လှည့်ပတ်ရင်း နှုတ်ခမ်း
တလန်ပန်းလန် ဆိုသော အမျိုးသမီး ။
အနီရောင် အင်္ကျီအား ပေါင်အရင်းအထိ
အခွဲရာ နှင့် အချိုးကျညီစွာ ဝတ်ဆင်ထား
သည်။ နှုတ်ခမ်းတွေကိုလည်း ဆေးနီတို့ကို
လိုသည်ထက် ပိုစွာခြယ်သထားသည်။
သူမ ကတော့ သူ့အရှေ့မှာ ရပ်နေတဲ့
ကင်မ်ဆော့ဂျင် ရဲ့ အရိပ်အခြေအနေကိုပဲ
စောင့်ကြည့်နေသည် ။" သခင်လေးကင်မ် အတွက်
အထူးဝန်ဆောင်မှုပါဗျ ။ "ဆော့ဂျင် ပျင်းပျင်း နဲ့ မတ်တပ်ရပ်ကာ
လှည့်ပတ်ကြည့်နေရင်း ယောင်္ကျား
တစ်ယောက် ရဲ့ အသံကို ကြားလိုက်
ရတော့ သူ လှည့်၍ ကြည့်လိုက်သည်။
စားထိုးပွဲ တစ်ယောက်က ဖျော်စပ်ထား
တဲ့အရက်ခွက်ကို ကိုင်ကာ သူ့ကို
ကြည့်နေသည်။ ထို့ကြောင့် သူလည်း
ကမ်းပေးသောခွက်အား ယူလိုက်သည်။" ကျေးဇူးပါ ။ ကျွန်တော်က ပုံမှန်
အတိုင်းလည်း ရပါတယ် ။ "" မရပါဘူး သခင်လေး ! သခင်လေး
အတွက် သီးသန့် ထူးခြားတဲ့ အရသာ
လေးမို့မြည်းစမ်းကြည့်ပါအုံး ။ ""ဟုတ်ပါပြီ ကျွန်တော် သောက်ကြည့်
လိုက်ပါ့မယ် ။"ဆော့ဂျင် ပျူငှာလှတဲ့ ထိုစားပွဲထိုး အား
ပြုံးပြကာသာ ထပ်ပြီး တုံ့ပြန်လိုက်သည်။
လာကမ်းပေးသော ခွက်လေးအား အခု
လောလောဆယ်ဆယ်တော့ လက်ထဲတွင်
ကိုင်ထားသည် ။ ပြီးနောက် သူနားမလည်တဲ့ စီးပွားရေး အကြောင်း တွေပဲ ပြောနေတဲ့
ဂျွန်ဂျောင်ဂုကို သူ စိတ်အလိုမကျစွာ
ကြည့်နေလိုက်သည်။
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️