" Hello ! အမေ ! "
" သား ဂျွန် ရေ ... အဟင့် အဟင့် !
သား ... နာရာ ! နာရာ car accident
ဖြစ်ပြီး ဆုံးပြီ သား .... "" ဘယ်လို ! "
ရုတ်တရတ် ကြားလိုက်ရတဲ့ စကားကြောင့်
နားထဲ၌ ကျင်ခနဲ ၊၊ ဆုံးပြီတဲ့လား ?
အိမ်ပြန်ရောက်ကတည်းက သူဟာ
အရက်ထိုင် သောက်နေခဲ့တာ၊၊
နာရာ ပြန်မလာတာတောင် သူက
စိတ်ပူရကောင်းမှန်း မသိ၊၊
အခု နာရာ အမေမှ ဖုန်းခေါ်ပြီး ပြောမှသာ
သူသိရတာ ၊၊ထို့နောက် တွေ့တဲ့ ကုတ်အင်္ကျီ
တစ်ထည်အား ဆွဲကာ ဆေးရုံသို့ အပြေး
လိုက်သွားရန်သာ ပြင်လိုက်သည်၊၊________________________
" သားဂျွန် ရောက်လာပြီလား ? "
သား .... အဟင့် ! "သူ ရောက်ရောက်ခြင်း နာရာ့ အမေမှ
သူ့အား ဖက်ကာ ငိုတော့သည်၊၊
မိခင် တစ်ယောက်ရဲ့ ဆုံးရှုံးမှု ...
အရမ်းကို ဝမ်းနည်းနေမှာ သိသည်၊၊
ကျွန်တော့်ရဲ့ ဆုံးရှုံးမှုကရော
ဘယ်လိုပဲ နှလုံးသားနဲ့ ရွေးချယ်ထားတဲ့
အမျိုးသမီး ဟုတ်မနေခဲ့သော်လည်း
အတူနေလာရင်းကနေ သံယောဇဉ် တွေ
တွယ်လာရင်း ချစ်နိုင်ကြတာပဲ မဟုတ်လား ၊၊
အေးတူပူမျှ မျှဝေခံစားမယ် ဆိုပြီး
သစ္စာတွေ အတူဆိုခဲ့ကြပြီးမှ အခုက
လက်ထပ်ထားတာ နှစ်ဆယ့်လေးနာရီ
မပြည့်ခင် သေခွဲ ခွဲရတာမို့ စိတ်ထဲ နေလို့
မကောင်းတာတော့ အမှန်ပဲ ၊၊
ရင်ခွင်ထဲက နာရာ အမေ့အား နှင့်သိမ့်ရင်း
ကျွန်တော်လဲ လိုက်ကာ ငိုမိသည်၊၊"CEO "
" အတွင်းရေးမှူး လီ "
အတွင်းရေးမှူးလီ ခေါ်သံကြောင့် နာရာ့ရဲ့
အမေအား လက်မောင်း တစ်ဖက်ကို ပဲ
အားပေးသလို ပုတ်ပေးခဲ့ပြီး ကျွန်တော် တို့
အေးအေးဆေးဆေး စကားပြောရန် လူရှင်း
သည့် တစ်နေ့သို့ ထွက်လာခဲ့သည်၊၊" CEO ရဲတွေ စစ်ဆေးချက်က
မမလေး နာရာရဲ့ ကားက ကားတစ်စင်း
နဲ့ တိုက်မိတာပါ ၊၊ သူ့ဘာသာ တစ်ယောက်
တည်း မတော်တဆ ဖြစ်တာ မဟုတ်ဘူး
CEO ! "" ဘာ ... ! "
" ဟုတ်ပါတယ် တိုက်မိတဲ့ ကားပိုင်ရှင်က
အမျိုးသား တစ်ယောက်ပါ ရဲတွေရဲ့ စစ်ဆေး
ချက်အရ အရက်လဲ အလွန့်အကျွံ့ သောက်
ထားပုံ ရတယ် ပြောပါတယ် ၊၊ ဒါပေမဲ့ အဲ့ဒီ
အမျိုးသားကပဲ လူနာတင်ကားကို ခေါ်ပေးပြီး
ဆေးရုံပို့ခဲ့တယ်လဲ ပြောပါတယ် ၊၊
ဒါပေမဲ့ ရဲတွေက အခု သူ့ကို သံသယ ရှိသူ
အဖြစ် ဖမ်းထားတယ် ပြောပါတယ် CEO "
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️