” လွှတ်စမ်း ခင်ဗျား !! မထိနဲ့ ကျုပ်ကို ! ”
”ပါးစပ်ပိတ်ထား !! ”
ကားရပ်ပြီးတာနဲ့ ဆော့ဂျင် လက်ကိုအတင်းဆွဲကာ အိမ်ထဲသို့ဝရုန်းသုန်းကား
ဆွဲခေါ်လာသည် ။ဒေါသတကြီးနဲ့ ထိုလူ
ရဲ့ခြေလှမ်းတွေသည် အိပ်ခန်းဆီသို့ ...” ဂျောက် ... !! ဒုန်း ”
ကင်မ်ဆော့ဂျင် ကို ထွက်မသွားနိုင်အောင်
လက်တွေနဲ့ ထိန်းချုပ်ထားရသည်မို့ တံခါး
အား ခြေထောက်နဲ့ ဒုန်းကနဲ ဆော့ကန်ဖွင့်
ချလိုက်သည် ။ ပြီးနောက် ဆော့ဂျင် အား
ကုတင် ပေါ်သို့ တွန်းလှဲ ပစ်လိုက်သည် ။အင့် ... !!
ပြီးနောက် ကုတင်ဘေးက မှန်တင်ခုံပေါ်က
တစ်လျှူး အလိပ်လိုက်ကို ယူလိုက်သည် ။
သူက ဆော့ဂျင် ကိုယ်ပေါ်မှာ ခွထိုင်လိုက်ပြီးနောက် တစ်လျှူးတွေအား ထုတ်ကာ
ဆော့ဂျင် နှုတ်ခမ်းသားတွေအား ထို
တစ်လျှူးတွေနဲ့ ပွတ်ဆွဲသုတ်ပေးလိုက်သည် ။” အွမ်း ...!! ”
” ငြိမ်ငြိမ်နေ !! ”
” ဗုန်း ဗုန်း !! ”
” လွှတ် ခင်ဗျား !!! ဖယ် ... !! ”
” ဘယ်သူက ခွင့်ပြုလို့ နမ်းခဲ့တာလဲ ! ... ”
”ဒါဆို ခင်ဗျား ကရော !! ”
ဆော့ဂျင် ရဲ့ နှုတ်ခမ်းတွေထက်ကို
တစ်လျှူးနှင့် သုတ်နေတဲ့ဂျောင်ဂု ရဲ့
လက်တွေ တန့်သွားသည် ။
သူနဲ့ ဟာနာကို ဆော့ဂျင် မြင်ခဲ့တယ် ။” ဖြေလေ ခင်ဗျား ကျတော့ရလား !! ”
ဆော့ဂျင် က အသံတွေ ပုံမှန်ထက် မာကာ
သူ ဒေါသထွက်ကြောင်းတွေ ပြနေသည်။ဂျောင်ဂု ကတော့ ပြန်မဖြေနိုင်သေးပေ ။
သူနဲ့ဟာနာ ကို ဆော့ဂျင် က အစကတည်း
ကမှ ကြည့်နေရတာ မဟုတ် ...
သူငယ်ချင်းလို့လည်း မျက်နှာပြောင်တိုက်
ဖြေလို့ မရတော့ ...”အဲလို မဟုတ်ဘူး ကိုကို ရှင်းပြမယ် ။ ”
” နားမထောင်ချင်ဘူး ခင်ဗျား တို့ရဲ့
လုပ်ဇာတ် သူငယ်ချင်း အကြောင်း !! ””မရဘူး ကလေးလေး နားထောင်ရမယ် ။”
နားမထောင်ဘူး ဟုဆိုကာ ချက်ချင်း မျက်နှာ လွှဲသွားသော ဆော့ဂျင် ရဲ့
မျက်နှာအား သူ ဆွဲလှည့်လိုက်သည် ။
ဆော့ဂျင် မျက်နှာလေးက ဒေါသ
ကြောင့်ထင်သည် နီကာရဲနေသည် ။
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️