" လူနှစ်ယောက်ဟာ ဘယ်လောက်ပဲ
ချစ်ကြ ချစ်ကြ ရေစက်တွေ ကုန်ရင်
မဝေးချင်လည်း ဝေးရတာပဲ မဟုတ်လား"အမှားအယွင်းများ စတင်ဖို့ ကြိုးစားနေသူ
တို့ဟာလည်း အချိန်တစ်ခုအထိ ကြိုးစား
ပြီးကာ ဒီနေ့တော့ သူတို့ရဲ့ ပန်းတိုင်ရောက်
ရန် ကြိုးပမ်းကြတော့မည် ။ ထိုကြိုးပမ်းမှု
နှင့်အတူ လူ နှစ်ယောက်ရဲ့ ချစ်ခြင်း
မေတ္တာရဲ့ အိမ်ကလေးလည်း ပြိုပျက်ရ
တော့မည် ။ ဒါကိုတော့ သက်ဆိုင်သူ
နှစ်ယောက်စလုံးဟာ မသိခဲ့ ။_________________
" ဂျောင်ဂု နင့် ကောင်လေးကို
စောင့်နေတာလား ။ "သူတို့ တွေ့နေကြ နေရာလေးမှာ
သူထိုင်ပြီး စောင့်နေမိသည် ။ ဘယ်ရီ
ဒီနေ့ ကျောင်းလည်း လာပါသည် ။
ဘာကြောင့် သူ့ဆီ မရောက်လာရသလဲ !
ဒီနေ့မှ ထူးထူးခြားခြား ဟာနာလည်း
သူ့ထံ ရောက်လာသည် ၊၊" အွန်း ... ဟုတ်တယ် "
" ဂျောင်ဂု ငါ နင့်ကောင်လေးကို
မသင်္ကာနေတာ ကြာပြီ သူက ငါတို့
အတန်းထဲက ကောင် တစ်ယောက်
နဲ့ တွဲနေတယ် ။ တွဲ တယ် ဆိုတာကွာ
ဟိုလို ပုံစံမျိုးတော့ မဟုတ်ပါဘူး
ရိုးရိုးသားသားလည်း ဖြစ်ချင်ဖြစ်မှာ
ပေါ့ ။ အဲကောင်ကလေ ကျောင်းရဲ့
ခိုင်းဖတ် ၊ သူနဲ့ ဘယ်သူမှ အရောမဝင်
ဘူး ။ ဒါကိုများ နင့် ဘယ်ရီ ကျမှ
ဘာလို့လဲ ။ "လီဟာနာက မျက်မှန်တွေကို ပင့်တင်း
ရင်း ကောက်ချက်ချနေသည် ။" ဘယ်ရီ က အဲလိုပဲလေ အရမ်း
သနားတတ်တာ အခုလည်း သူ
အဲကောင်လေးကို သနားနေလို့
ဖြစ်မှာပေါ့ ။ "သူငယ်ချင်း ရဲ့ မျက်လုံးထဲ ချစ်ရသူ
ကို အပြစ်မမြင်စေချင်ပါ ။ ဒါကြောင့်
သူ ကာကွယ်ပြောဆိုလိုက်သည် ။
ကာကွယ်ပေးခဲ့ပေမယ့် ရင်ထဲတော့
ဘယ်နေလို့ကောင်းပါ့မလဲ ။
ကိုယ် ဘယ်လောက်အထိ ချစ်လည်း
ကိုယ်ပဲသိတယ်လေ ။" အေးပါ နင် အဆင်ပြေရင်လည်း
ပြီးရော ငါသွားပြီ ။ "" အင်း "
ဟာနာက ပြောဆိုပြီးကာ ထွက်သွားတော့
သူက ထိုနေရာမှာပဲဆက်၍ကျန်ခဲ့လေသည် ။
ရင်ထဲတော့ ကသိကအောက်ဖြစ်သွားသည် ။
ကိုယ့်ချစ်သူ ကို ကိုယ်ယုံကြည်ရမည်ဆိုတာ
သိသော်လည်း စိုးရိမ်သည့် ဘက်ခြမ်း
က ရင်ပူမှုတွေကိုတော့ တားမရခဲ့ဘူး ။
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️