အရာအားလုံး နေသားတကျ ဖြစ်မနေသေးတဲ့ တနင်္ဂနွေ နေ့လေးပါပဲ ။ ရှောင်နေပေးခဲ့တာ တစ်ပတ်ပြည့်တော့မည် ။ လက်လည်း မလျော့ချင်ဘူး မေ့လည်း မမေ့နိုင်ခဲ့ဘူး ။ သွေးအေးသွားတဲ့အခါ အလွမ်းတွေက ပိုလို့ ပိုလို့တောင် သည်းနင့်လာသေးသည် ။ သွေးအေးလာလေ အရင်အတိုင်း အတူပြန်နေချင်လေ ။ မရှိရင် မဖြစ်လောက်တဲ့ အနေအထားကိုခံစားလာခဲ့ရသည် ။
ဆော့ဂျင် ကတော့ သူမရှိတော့ ပျော်နေလား
မသိပေမယ့်လည်းပေါ့ ....။သူကတော့ သူ မပါပဲ ကင်မ်ဆော့ဂျင်
ကိုတစ်ယောက်တည်းလည်း မပျော်ရွှင်
စေချင်ဘူး ။ အတူပျော်နေတဲ့လူဟာ သူမဟုတ်ပဲ တစ်ခြားတစ်ယောက်မို့ ပိုလို့တောင်ခံပြင်းလွန်းသည် ။ ဘယ်ရီ့ တုန်းကလိုအမှားမျိုး သူထပ်ကျူးလွန်မှာ မဟုတ်တော့ဘူး ။ အမှန်တိုင်း
ပြောရရင် ကင်မ်ဆော့ဂျင် ကို စွန့်လွှတ်ဖို့က
ဘယ်ရီ့တုန်းကထက် ပိုပြီး ခက်ခဲလွန်းလှတယ် ။
သူ ဘယ်ရီ့တုန်းကတောင် ဒီလောက်အထိ
မခံစားဖူးခဲ့ဘူး ဒါကလည်း သူ့အမုန်းတွေ
ကြောင့်ပဲ လွမ်းစိတ်သက်သာတယ်
ထင်ပါသည် ။ကင်မ်ဆော့ဂျင် ကိုတော့လက်လွှတ်ပေးလိုက်
ဖို့ နည်းနည်းလေး မှ အတွေးမရှိပါ ။ ပြောခဲ့တယ် မဟုတ်လား ပြန်ချစ်လာအောင် လုပ်မှာပါလို့ !
ဆော့ဂျင် ရဲ့ ig acount ထဲကိုလည်းသူ တစ်နေ့ အခါ နှစ်ဆယ်လောက် ရောက်သည် ။ဆော့ဂျင် ဘေးမှာ ကပ်ကပ်ပါနေတဲ့
ဟို အဆိုတော် ကောင်ကိုလည်း သူအရမ်း မျက်မုန်းကျိုး လှသည်။အတူတွဲမြင်နေရတာ
တွေဟာ သိပ်အဆင်မပြေလှဘူး ။
ဟို တစ်ယောက်ကတော့ပြုံးပြုံးလေးပါပဲ ။
သူ့ကျွန်တော့်ကို မလွမ်းဘူး ထင်ပါတယ် ။" တင်းတောင် !! တင်းတောင် !! "
သူတွေးနေတုန်းပဲ အိမ်ရှေ့တံခါးမကြီး
ရဲ့ လူခေါ်ဘဲလ်အသံအား ကြားရတော့
သူလည်း မြန်မြန် ထွက်းသွားလိုက်ကာ
ဖွင့်ပေးလိုက်သည် ။ဂျောက် !!
" အား !! လန့်လိုက်တာ CEO !!
ဒါ ဘယ်လို ဘယ်လို ပုံစံဖြစ်ရတာလဲ ! "" မင်း အမေကြီး !! လန့်စရာလား ! "
ဒီနေ့ တနင်္ဂနွေ နေ့ဖြစ်ပေမယ့် သူ လီဟန်
ကို ရုံးလာဖို့ အမိန့်ပေးခဲ့ပြီး သူ့ အိမ်သို့
ခေါ်လိုက်ခြင်းဖြစ်သည် ။ အကြောင်း
ကတော့ ...
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️