🍓 & 🚬 "33"

1.8K 236 55
                                    

”အဲဒါတွေက မင်း လုပ်ခိုင်းတာတွေ
ပါလို့ ထည့်ပြောလေ !! ဘာလို့ ထိမ်ချန်
ထားတာလဲ !! ဒါတွေ အကုန်လုံး မင်း
လိုချင်တာပါလို့ ထည့်ပြောလေ ။
ဆယ်စုနှစ် တစ်ခုစာလောက် ဂျွန်ဂျောင်ဂု
ကို ရူးခဲ့တာတွေပါ ထည့်ပြောလေ !!
အေး ငါက လူယုတ်မာ !! မင်းထင်ထား
တာထက်လည်း ပိုပြီး ယုတ်မာနိုင်တယ်
ငါ့ကို ပေါ့သေးသေး မတွက်နဲ့ !!
ဒီနေ့ ဒီစကားပွဲကို ငါက အဆုံးသတ်
ပေးမယ် !!! ”

ဂျိုးဇက် သူ့အရှေ့က လီဟာနာ အား
ကြည့်ကာဒေါသတကြီး နာကျဥ်းမှု
အပြည့်ဖြင့် ဆိုသည်။ သည်းခံခြင်းသည်
လည်း အကန့်အသတ်ရှိသလို သူ့ရဲ့ ရူးသွပ်
မှုတွေသည်လည်း အကန့်အသတ်ရှိသည် ။

အစကတည်းက သူဟာ လီဟာနာ
ထက်ပိုပြီး ယုတ်မာတဲ့ လူပဲလေ ။
လီဟာနာ ယုတ်မာတယ်ဆိုတာ
သူအိပ်နေတာလောက်ပဲ ရှိတာပါ ။
အခု ဒီအမျိုးသမီးက သူ့ရဲ့ ရူးသွပ်မှု
တွေနဲ့ မတန်တော့ဘူး။

သူ ပေးဆပ်ခဲ့သမျှရဲ့ ရလဒ်က သူ့ကို
သစ္စာဖောက် ချောက်တွန်း ခြင်းတဲ့လား!
သူ့ကို ထောင်ထဲထည့်ပြီး အပြစ်အားလုံး
သူက ခံယူရပြီး လီဟာနာကကျ ပျော်နေ
ရမှာ ဘယ်လို မှ မတရားဘူးလေ ။
ဒါဟာလုံးဝ မဖြစ်သင့်တဲ့ အရာပဲ ...
သူကလည်း အဲလောက်အထိ
သဘောထား မကြီးတော့ ခက်သားလား ။

ဗုန်း  ... !!

အ့ ... !!

” ဆော့ဂျင်  !! ”

” သခင်လေးကင်မ် ! ”

ဗုန်းကနဲ အသံနှင့် အတူ ဆော့ဂျင် က
ဘေးဘက်နေရာတွင် လှဲကျသွားသည်။
အကြောင်းကတော့ ဂျိုးဇက် ဆော့ဂျင်
ကို တွန်းလိုက်တာပင် ။ ကင်မ်ဆော့ဂျင်
လဲသွားပြီးနောက် ဂျွန်ဂျောင်ဂု ကရော
လီဟန်ကရော အလန့်တကြား
အော်ခေါ်လေသည် ။

လျှပ်တစ်ပြတ် အတွင်းမှာပဲ ဆော့ဂျင်
ကို တွန်းလဲလိုက်တဲ့ ဂျိုးဇက် က လီဟာနာ
ရပ်နေသော နေရာသို့ ခြေလှမ်းကျဲ များဖြင့်
ရောက်သွားကာ သူမရဲ့ ပခုံးသားတွေက
နေ ဆွဲဖက်လိုက်သည် ။

ဇွပ်  .... !!

အာ့ ... !!

ဂျောင်ဂု ရော လီဟန်ပါ မထင်မှတ်ထားတဲ့
ထိုအဖြစ်အပျက် ကြောင့် အသံထပ်၍
မထွက်လာနိုင်ခဲ့တော့ ...

 𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬    ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||Where stories live. Discover now