🍓 & 🚬 "43 "

1.7K 233 70
                                    

" ကျွန်တော် ဘယ်သူ့ကိုမှ မရွေးချင်ဘူး
မေမေ ကျွန်တော် တစ်ယောက်တည်းပဲ
နေမယ် ။ ဘယ်သူ ဘယ်သူ့ရဲ့မှချည်နှောင်
တဲ့ ဒဏ်တွေကို မခံနိုင်တော့ဘူး။ "

ဆော့ဂျင် ဂျောင်ဂု ကိုလည်း မရွေးချင်သလို
Ken ကိုလည်း မရွေးနိုင်ဘူး ။
မချစ်တဲ့ လူနဲ့ နေရတဲ့ ဒုက္ခက သိပ်ကို
ဆိုးလွန်းသည် ။ Ken ကိုလည်း သူက
မချစ်ပဲ မလှည့်စားချင်ဘူးလေ သူ့အပေါ်
Ken က အများကြီး ကောင်းခဲ့သားနဲ့
လက်ထပ်ယူပြီးတဲ့အခါ မကြင်နာနိုင်ရင်
ဘယ်လို လုပ်ရပါ့မလဲ ဒီထက်ပိုဆိုးကုန်မှာ
ဂျောင်ဂု ကို သူမရွေးချင်ဘူး ချစ်ပါတယ်
ဆိုပေမယ့်လည်းလေ ....

" မရဘူး မင်း ရွေးရမယ် ။
ဂျွန်ဂျောင်ဂု ကို မင်းက မရွေးတော့ဘူး
ဆိုရင် မင်း ငါ ပြောတဲ့ အတိုင်း လုပ်ရမယ် ။
Ken နဲ့ လက်ထပ်ရမယ် ။ ငြင်းခွင့်မရှိဘူး
ဒါအမိန့်ပဲ ။ "

" မေမေ !! "

ဆော့ဂျင် သူ့အတွေးနဲ့သူ စဥ်းစားနေရင်း
မေမေ့စကားကြောင့် အရမ်းကို လန့်သွား
ပြီး အသံကိုလည်း စောင့်ကာ ခေါ်မိသွား
သည် ။ သူ့ကိုတော့ တုံ့ပြန်မှုတွေ ထပ်မလာ
နိုင်အောင်ကို သခင်မကြီး မျက်နှာထား
တည်တည်နဲ့ ပိတ်ဆို့ခံလိုက်ရသည် ။
ဘယ်တော့မှ မလုပ်ချင်တာကို အတင်းလုပ်
ဖို့ အမိန့်မပေးခဲ့ဖူးတဲ့ အမေက အခုတော့
တစ်ချက်လွတ် အမိန့်ကို ထုတ်ချလာသည် ။
သူမ သေချာဆုံးဖြတ်ထားတယ်ဆိုတာ
မျက်နှာထားက သက်သေပင် ။

" အချိန်ရသေးတယ် သားငယ် ...
ရနေတဲ့အချိန်မှာ မဆုံးဖြတ်ပဲ ခေါင်းမာ
နေပြီး နောက်တော့မှတော့ နောင်တ ရတဲ့
လူတော့ မဖြစ်စေနဲ့ပေါ့ ။
မြဲအောင်ဆွဲမလား လွှတ်အောင်ပြေးမလား
ဆုံးဖြတ်ပါ ။ ပြီးရင်တော့ ကိုယ်ရွေးချယ်
ခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ်တော့ စိတ်ကျေနပ်
ရမယ်နော် ... ဒီလိုမှ မဟုတ်ပဲ ကိုယ်ကိုယ်တိုင် ရွေးချယ်ထားတာတောင် အဲ့ရလဒ်အပေါ်
မပျော်နိုင်ဘူး ဆိုရင်တော့
တစ်သက်လုံး ပြန်ပြင်မရတော့ဘူး ... "

ထိုသို့ပြောခဲ့ကာ သခင်မကြီးက ထထွက်
သွားတော့သည် ။ ဆော့ဂျင် ကတော့
နေရာမှာသာ ငုတ်တုတ်ပင် ။မာရီယာလင်
လည်း သူမသားကို ပြန်ခေါ်သွားကာ
ထိုနေရာမှ ထွက်သွားလေသည်။

 𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬    ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||Where stories live. Discover now