" လီဟန် ဘာလုပ်နေတာလဲ !! ""အာ CEO မင်္ဂလာပါ၊၊ ကျွန်တော့်
ဘောပင်လေးလေ အဲဒါရှာနေတာ ဘယ်မှာ
ကျခဲ့လဲ မသိဘူး ... အမ် .. "သူ သူ့အခန်းဝ သို့ရောက်တော့ လီဟန်က
ကုန်းကုန်းကွကွ နဲ့ အလုပ်ရှုပ်နေသည်၊၊
မေးကြည့်တော့ သူ့ရဲ့ အကောင်းစား ဘောပင်
ကြီး ပျောက်လို့တဲ့ ၊၊" ရှာမနေတော့ပါနဲ့ လီဟန်ရယ် ငါပြန်ပြီး
ဝယ်ပေးပါ့မယ် ၊၊ မင်း ငါ့ဆီကရမဲ့ လက်
ဆောင်လေ ပိုတောင် အဖိုးတန်သေးတယ်
ဘယ်လိုလဲ ၊၊"" ..... "
သူဘောပင်ရှာနေတဲ့ လီဟန်ကို တစ်ချောင်း
အစား ပြန်ဝယ်မေးမည် ဖြစ်ကြောင်း ပြော
တော့ လီဟန်က ဘာမှ ပြန်မပြောလာခဲ့တော့ !!
တစ်ကယ်ကဲ လီဟန်က သူ့ပစ္စည်းတွေကို
တန်ဖိုးထားသည်၊၊" အာ ဒါနဲ့ အထဲမှာ သန့်ရှင်းရေးလုပ်ပြီးလား
မင်းသေသေချာချာ စစ်ထားပြီးပြီလား ၊၊""စိတ်ချပါ CEO အားလုံးကို သေချာ
စစ်ဆေးထားပြီးပါပြီ၊၊ "ကုမ္ပဏီ မရောက်တာ ကြာပြီမို့ သူလီဟန့်ကို
မေးလိုက်သည်၊၊ ဒီအခန်းထဲကို သူမရှိခင်
ဘယ်သူ့ကိုမှ ဝင်ထွက်ခွင့် မပေး ၊၊ သန့်ရှင်း
ရေးတောင် သူမရှိရင် လီဟန် ကိုယ်တိုင် လုပ်
သည်၊၊ ဤ အခန်းထဲကို လီဟန်လည်း လက်လွတ်စပယ် ဝင်ထွက်ခွင့် မရှိ၊၊
ဒီမနက်လည်း သူလာမယ်ဆိုလို့ ပိတ်ထားတဲ့
ရုံးခန်းတံခါးကို ဖွင့် သန့်ရှင်းရေး လုပ်ပုံပေါ်သည်၊၊" ဒါနဲ့ မင်းက ဘောပင်ကို အထဲမှာ မရှာပဲ
ဘာလို့ အပြင်တံခါးနားမှာ ရှာနေတာလဲ ! "ဟုတ်ပါတယ် ထူးထူးဆန်းဆန်း ဒီနေရာမှာ
ကျခဲ့ရင်တော့ လူနင်းလို့ ကုန်ပြီ၊၊" ကျွန်တော် ဒီနေရာမှာ ပြေးရင်းလွှားရင်း
ပြုတ်ကျခဲ့လားလို့ပါ ၊၊တစ်ကယ် ဘာမှ မမှတ်
မိတော့ဘူး ကျွန်တော် ဘယ်မှာထားမိမှန်း !
ပြီးတော့ နောက်တစ်ခုက CEO မရှိပဲ
အခန်းထဲမှာ တစ်ယောက်တည်း ရှာတာ
ဖွေတာမျိုးတွေ မလုပ်ချင်ပါဘူး ၊၊ ""အေးပါ အေးပါ ရှာချင်နေသေးရင်လည်း
ဝင်လိုက်လာခဲ့ အထဲမှာ ဝင်ရှာ ၊၊ "
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️