🍓 & 🚬 "28"

1.9K 241 66
                                    

" ရပြီ .... ဒီမှာပဲ ချပေးတော့ ။ "

" ဟမ် ... ဒီနေရာကြီးမှာလား !! "

သူဆော့ဂျင်ကို ပွေ့လျက်သားလေး
အိမ်ထဲကိုခေါ်ခဲ့သည်။ ဧည့်ခန်းထဲကို
ရောက်တော့ ကင်မ်ဆော့ဂျင် က သူ့ကို
ပွေ့ထားပေးရာက အောက်ကို ချခိုင်းလာ
တော့ သူ သက်သက် စနောက်၍ ကျီစယ်
လိုက်သည် ။

" ဘာ ... ဘာပြောတယ် ခင်ဗျား !! "

" ဟက် ...ရှက်သွားတာလား "

သူ စလိုက်တော့ ဆော့ဂျင် က နားရွက်ဖျား
တွေပါ ရဲတက်သွားသည် ။ နေပါအုံး ...
လမ်းတစ် လမ်းလုံးတောင် အကောင်းကြီးပါ ။
အခုမှ ဘာထဖြစ်တာလဲ ရုတ်တရတ်ကြီး ။
တစ်ကယ်ပဲ ကင်မ်ဆော့ဂျင် ရဲ့ အနိမ့်အမြင့်
အတက်အကျ တွေနဲ့ စိတ်အစုံ နောက်ကို
ကျွန်တော် လိုက်လို့မမှီပါဘူး ....

" ငြိမ်ငြိမ်လေး ထိုင်နေ "

" တော်ပြီ အောက်မှာပဲ .... !! "

" မရုန်းနဲ့ ... !! "

" ..... "

သူအရင် ဆိုဖာပေါ်မှာ ထိုင်ချကာ ဆော့ဂျင်
ကို သူ့ပေါင်ပေါ် တင်ထားလိုက်သည် ။
သူ့လက်တွေကို ဆော့ဂျင် ခါးထက် ဖက်တွယ်
ထားကာ ဆော့ဂျင် က သူ့ပေါင်ပေါ်တွင်
တင်မလွဲလေး အနေအထားနဲ့ မျက်လုံးတွေ
စုံခတ်ကာ ထွက်ပေါက် မရှိသည့် ယုန်လေး
တစ်ကောင်လို ...

" မင်း နာနေသေးတယ် မဟုတ်လား ။
နေလို့ရော မကောင်းဘူးလေ ၊!! "

" ကျွန်တော် အခု နေလို့ကောင်းသွားပြီ ။ "

" မြန်လှချည်လား "

" ........ "

သူ ဆော့ဂျင်ကို စိတ်မချစွာ ထိုသို့ ‌စကားဆို
လိုက်သည်။ဒီဟာလေး ပုံစံက အခုန
နဲ့ လားလား မျှ မတူတော့ ။
ထို့ကြောင့် အနည်းငယ်တော့ ထပ်ပြီး စပ်စုချင်မိသည်။ ဘာလို့များပါလိမ့် ...

" အွန် ... ဟေး ..."

သူ စဥ်းစားနေတဲ့ ကင်မ်ဆော့ဂျင် ကို
နားနားကပ်ကာ အခေါ်ပြုလိုက်သည် ။

" ကျွန်တော် အခု နားချင်နေပြီ ... ဒါကြောင့်
အခန်းထဲကိုပဲ ....

" မဟုတ်ဘူး မင်း ကိုယ့်အပေါ်မှာ အနားယူ
တာ ပိုကောင်းမယ် ။ ပိုပြီး သက်တောင့်သက်သာ
ရှိမယ်လို့ မထင်ဘူးလား ။ "

 𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬    ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||Where stories live. Discover now