🍓 & 🚬 " 38 "

1.1K 182 59
                                    

" တွဲကြရအောင် ငါတို့ "

" ...... "

ဂျောင်ဂု နှုတ်က ထွက်လာတဲ့ မထင်မှတ်ထားသော စကားစုတွေက ရှေ့ဆက်မဲ့
သူခြေလှမ်းတွေကို ရပ်စေသည် ။
ဆော့ဂျယ် အံ့သြမှုတွေကို မြိုချကာ
အနောက်ဘက်သို့ လှည့်လိုက်သည် ။

" ထပ်ပြီး ကစားအုံးမလို့လား ။ "

" ကစားမလား မကစားဘူးလား
သိချင်ရင် မင်း ငါနဲ့ တွဲကြည့်လိုက်လေ ။ "

ဘယ်နှယ့် လူကိုပဲ လူတိုင်းကို စိတ်ဝင်စားတဲ့
လူများ မှတ်နေတာလား မသိဘူး ။
သိက္ခာတွေကို စော်ကားတာ ဒါ !!

" ..... "

" ဖြေလေ ကိုယ့်ကောင်လေး လုပ်ပေးမှာလား ။ "

" မသိဘူး ဘာတွေ လာပြောနေတာလဲ ! "

ဆော့ဂျယ် တစ်ယောက် စိတ်ဆိုးနေရင်း ကြားက ရည်းစားစကား ရုတ်တရတ်ကြီး အပြောခံလိုက်ရတာမို့ ရှက်ရှက်နဲ့ အငြင်းစကားတွေ ပြောနေမိသည် ။ နည်းနည်းတော့ မူ သင့်တယ် ။
သူမှန်တယ် ။

" ဒါဆို မချစ်ဘူးလား ။ "

" အဲလိုသဘောမျိုး မဟုတ်ပါဘူး ။ "

" ဒါဆိုရင် ချစ်တယ်ပေါ့ ။ "

" အွန် ... အဲလိုလည်း မဟုတ်ပါဘူး ။ "

ဂျောင်ဂု က စကားပြောင်းမေးသည် ။
ဆော့ဂျယ်ကလည်း ခေါင်းငုံ့ကာ
ပြန်ဖြေသည် ။ သူ့ အဖြေတွေသည်
အစီအငေါ်တည့် သည်လား သူမသိ ။
ပါးစပ်ထဲ ရှိတာ ပြောနေတာ ။

" ရော့ ခင်ဗျားအတွက် အသုံးမဝင်ရင်
လည်း ပစ်ချင် ပစ်လိုက်လို့ ရတယ် ။
မေမေ စိတ်ပူနေတော့မယ် ကျွန်တော်
သွားတော့မယ် ။ "

ဆော့ဂျယ် ထိုသူ လက်ထဲသို့ သူယူလာ
ပေးတဲ့ အရာတွေ ဖြစ်ကတတ်ဆန်း ထိုး
ထည့်ကာ အိမ်သို့ ပြန်ရန် မြန်မြန် ပြေး
လာခဲ့တော့သည် ။ ဟူး ဒီရင်ဘတ်နဲ့
တော့ဘယ်လိုလုပ်ရပါ့မလဲ ... !!

ဂျောင်ဂု သူ့လက်ထဲသို့ ရောက်လာသော
အရာတွေကို ကြည့်နေမိသည် ။ စာအုပ်
အဖုံး လှလှလေးတွေနဲ့ လက်ရေးညီညီတွေ
ထိုစာအုပ်တွေ ကြားထဲမှာမှ သူသောက်နေ
ကျ ဆေးလိပ်တစ်ဗူး ... ။

 𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬    ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||Where stories live. Discover now