🍓 & 🚬 "35"

2K 218 55
                                    

ICU ဆိုသည့် အင်္ဂလိပ် စာလုံး အကြီးကြီး
ရေးသားထားတဲ့ အရေးပေါ်ခန်းထဲက အမျိုးသမီးသည်အဖော်မဲ့နေပုံ ပေါ်သည်။
ဆေးသွင်းထားသော ဆေးပိုက်၏ အပေါ်မှ ဇောက်ထိုးချထားသော ‌ဆေးပုလင်းမှ ကုန်ခါနီးသော အခါ ဗူး၏ အောက်ခြေဘက်သို့ ရေများ တစ်စက်စီ ပြုတ်ကျနေသော အသံ များအား အထင်းသားကြားရသည် ။ တိတ်ဆိတ်နေသော အခန်းထဲတွင် ထို အသံမှ လွဲ၍ဘာမှမကြားရ ။

ထို့နောက် ထိုအခန်းအတွင်းသို့ ဦးတည်၍
လျှောက်လာသူ အမျိုးသမီး တစ်ဦး ။
လည်ဂုတ်နားလောက်သာရှိသော ဆံပင်
အတိုနှင့်အသက်အရွယ် ငါးဆယ်ကျော်
ဝန်းကျင်လောက် ရှိနေသော အမျိုးသမီး
သည် ယနေ့ခေတ် လှပါတယ် ဆိုတဲ့
မိန်းကလေးတွေကို သနားသေးသည်။
သူမရဲ့ အလှက အထက်တန်းဆန်ဆန်
လှတဲ့ အဆင့်တန်းမြင့် အလှမျိုး ။

မဟော်ဂနီ ရောင် ဝတ်စုံကို အပေါ်အောက်
ကုတ်အင်္ကျီကပါ အစ ဆင်မြန်းထားသည်။
အသက်ကြီးသော်လည်း သူမရဲ့ တက်ကြွ
မှု ၊ ခေတ်ဆန်မှု ၊ သူမ ကိုယ် သူမ ယုံကြည်မှု
တွေကတော့ နုပျိုလတ်ဆတ်နေစဲပါပဲ ... ။
တည်တင်းနေသော မျက်နှာဟာ အခုထိ
ပုံစံ မပြောင်း ... ကိုယ်မှန်တယ် ထင်ရင်
ဘယ်သူ့ကိုမှ ဂရုမစိုက်တတ်တဲ့ အမျိုးသမီး ၊
ရဲရင့်ပြတ်သားလွန်းတဲ့ တော်ဝင်သွေးရဲ့
တစ်ပွင့်တည်းသော အနီရင့်ရောင် ပန်းပွင့် ဖြစ်သည် ။

" မတွေ့ရတာ ကြာပြီနော် ယူ ... "

လက်ထဲကမှ အသင့်ယူဆောင်လာ
သော ပန်းစည်းအား စားပွဲပေါ်မှာ
တင်ပေးလိုက်သည် ။ ဒီပန်းတွေကလား
သခင်မကြီး ကင်မ်ယူနာ အနှစ်သက်ဆုံး
ပန်းပွင့်တွေပေါ့ ... ။

" နေကောင်းရဲ့လားလို့ မမေးတော့ဘူး
အဲဒီအစား တစ်ခုခုပြောင်းပြောရမလား !
ဆေးပိုက်တွေ အုပ်ထားရင်တောင် ...
မင်းက လှနေတုန်းပဲ ယူ ။ "

ထိုအမျိုးသမီးက သူမရဲ့ ပင်ကိုယ်မူလ
လေသံ ဝဲဝဲလေးနှင့်ဆိုသည် ။
သခင်မကြီးယူနာ သာ ဒီအသံကို
ကြားနိုင်ရင် သေချာပေါက် ...
ဘယ်လို တုံ့ပြန် မှာပါလဲလေ ...

အရှေ့မှ အမျိုးသမီးက ကုတင်ပေါ်က
ထိုအမျိုးသမီး ရဲ့ နာမ်မအား အဖျား
လေးစွတ်ကာ ခေါ်ပုံက ယူ တဲ့ ....

 𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬    ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||Where stories live. Discover now