🍓 & 🚬 "22"

1.8K 230 81
                                    


" ကင်မ်ဆော့ဂျင် အထဲမှာလား !! "

ဂျောင်ဂု ဆော့ဂျင်ကို လိုက်ရှာရင်း ပုံမှန် မဟုတ်သော သန့်စင်ခန်းအား သတိထားမိသည်၊၊
သတိပေးစာ ကပ်ထားသည်ကိုလည်း သူမြင်ပေမဲ့
ကျော်လာခဲ့သည်၊၊ အရှေ့ရောက်တော့ သူ ပထမဆုံး ခေါ်ကြည့်လိုက်သည်၊၊ အထဲမှာ ဘယ်သူ ရှိနေ ရှိနေ သူ့ကို တုံ့ပြန် အသံပြုမှာပဲ မဟုတ်လား ၊၊

" ဒုန်း ဒုန်း !! အထဲမှာ ဘယ်သူရှိလဲ သန့်ရှင်းရေး ဝင်နေတာလား ၊၊ ? "

သူ တံခါးအား ထပ်ထုပြီး ပြောလိုက်သည် သို့ပေမဲ့အထဲက ဘာအသံမှ မကြားရပေ ၊၊
တာဝန်ကျနေတဲ့ သန့်ရှင်းရေးဝန်ထမ်း ဆိုရင်
တောင် သူ့အသံကို ကြားရင် ထွက်လာပြီး ဖြေ
မှာပင်၊၊ အခုဟာက ...

" ဟမ် ... ဘာလို့ တံခါးကို လော့ချထားတာလဲ !!"

အပြင်က တံခါးအား သော့ခတ် ထားသည်၊၊
ဒါဆို ဆော့ဂျင်က အခန်းထဲမှာ ပိတ်မိနေတာလား ၊၊
သူ ရုံးတစ်ခုလုံး ပတ်မေးပြီးပြီ ဆော့ဂျင် အပြင်ကိုမသွားဘူး ၊၊ ဘယ်သူကမှ ကင်မ်ဆော့ဂျင် ရုံးထဲကထွက်သွားတာကို မတွေ့သေးဘူး ၊၊
ဆိုတော့ ဒီထဲမှာ ..

" ဒုန်း! ဒုန်း !! ဒုန်း !! တံခါးဖွင့်စမ်း !!
ကင်မ်ဆော့ဂျင် မင်း အထဲမှာရှိနေလား!"

ဂျောင်ဂု စိတ်ထဲ စိုးရိမ်စိတ်တို့ ကြီးဆိုးလာသည်၊၊
အထဲမှာ ဘာဖြစ်နေတာလဲ !! အပြင်က တားမြစ်
စာကြီးချိတ်ထားပြီး အထဲမှာ သန့်ရှင်းရေး ဝန်ထမ်း မရှိတာ ရိုးသားရဲ့လား၊၊

" ဝုန်း !! ဝုန်း !! "

တံခါးအား ခြေထောက် ဖြင့် ဆောင့်ကန် ကြည့်လိုက်သည်၊၊တံခါးက ဘယ်လိုမှတောင် မနေ၊၊

" ကင်မ်ဆော့ဂျင် တံခါး လာဖွင့် ဘာဖြစ်နေပြီလဲ
မင်းကို အခုချက်ချင်း ဖွင့်ပေးလို့ ငါပြော‌‌‌‌နေတယ်လေ !! ဒုန်း ! ဒုန်း "

ဂျောင်ဂုက သန့်စင်ခန်း တံခါးကိုသာ ဆက်တိုက်
ကန်ကျောက် ရင်း တံခါးကို ဖျက်ပစ်ဖို့ ကြိုးစား
နေသည်၊၊

" ဂျောက် ဂျောက် !! " ဂျောက် !! "
" ဆော့ဂျင် ဆော့ဂျင် အထဲမှာလား !! "

တံခါးလော့ အားလှည့်ကာ တံခါးနားကပ်၍ ခေါ်သည်၊၊ ကင်မ်ဆော့ဂျင် ကို မုန်းပါတယ်ဆိုတဲ့
ဂျွန်ဂျောင်ဂု ရဲ့မျက်ဝန်းတွေထဲမှာ စိုးရိမ်စိတ်တို့
က အပြည့် ...

 𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬    ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||Where stories live. Discover now