🍓 & 🚬 "3"

1.8K 244 70
                                    


" တောက်ခ် ! ဒါက ဘယ်လို မျိုး ...
အား .... ဒေါသ ထွက်လိုက်တာ ! "

" CEO  စိတ်လျော့ပါ သခင်လေး ကင်မ်က
အပြစ်မရှိကြောင်း ကျွန်တော်တို့လဲ တွေ့ခဲ့
တာပဲလေ ၊၊ "

" ငါ တရားရုံးကို ဦးတိုက်လျှောက်မယ် "

" CEO ! သူတို့က ကင်မ်  အိမ်တော်က ဆိုတာလဲ
သတိထားပါအုံး ၊၊ ဟန်းဂု တစ်မြေလုံး သူတို့ကို
ဘယ်သူကမှ မတိုက်ခိုက်နိုင်တာ သိရဲ့နဲ့ ၊၊
တရားရုံး ကို ဒီကိစ္စကို ပြန်ပြီး တိုင်လဲ
သခင်လေး ကင်မ်ကို သူတို့က
ဒီလို ဇာတ်သိမ်းခံမယ် ထင်လား ?
ceo အသက်ပါ စိုးရိမ်ရနိုင်တယ်လေ !

" ငါ ဂရုမစိုက်ဘူး ! "
တရားရုံးက တရား မစီရင်နိုင်ရင်
ငါ့ဘာသာ စီရင်မယ် !
ကင်မ်ဆော့ဂျင် ကို တစ်သက်လုံးစာ
အကျဥ်းထောင်ထဲ ထည့်မယ် ! "

ကားတိုက်မှု ကိစ္စက ရဲတွေလက်ထဲ တွင်သာ
ပြီးဆုံးသွားသည်၊၊ ကင်မ်ဆော့ဂျင် က
တရားသေဖြင့် လွတ်သည်၊၊ ကား မတော်တဆ
ဖြစ်တဲ့ လမ်းထိပ်က cctv က  မှတ်တမ်းကို
ဟို အင်္ဂလန်သားက မြေလှန်ကာ သွားရှာ
လာပေးခဲ့ခြင်း နှင့်အတူ ကင်မ်ဆော့ဂျင် မှာ
အပစ်မရှိ ၊ ကွင်းလုံးကျွတ်လွတ်သည်ပဲ ဆိုပါတော့

နာရာကသာ ကားကို သေချာစွာ မမောင်း
နိုင်လို့  လမ်းဘေးကသစ်ပင်နဲ့ ဝင်တိုက်ရပြီး မတော်တဆ ဖြစ်ကာဆုံးရသည် ဆိုသည့် အကြောင်းအရင်းနှင့်ပင် လုံးဝကို ပြီးဆုံးသွားတော့သည်၊၊

ကင်မ် အိမ်တော်က အားလုံးကို ဘာနှင့်
အုပ်လိုက်သည်လဲ မသိ အကုန်လုံး
" ကွိ " ခနဲတောင် မမြည်တော့၊၊
တစ်ခါတည်း အမှုကို ပိတ်ချလိုက်ပြီး
အဆုံးသတ် သွားတော့သည်၊၊

" သိပ်ခံပြင်းစရာကောင်းသည်မလား ?
သေချာပေါက် ကလဲ့စားပြန်ချေရမှာပေါ့ "

မနက်ဖြန်ဆို နာရာ အား သင်္ဂြိုဟ် တော့မည်၊၊
နာရာ့ကို မတွေ့ရဲလောက်အောင် အထိပင် မျက်နှာပူရပါသည်၊၊ သေချာပေါက် အမှန်တရားကိုရအောင် မယူပေးနိုင်ခဲ့ဘူး၊၊

ကင်မ်ဆော့ဂျင် ဆိုတဲ့ အကောင်ကို မယုံဘူး၊၊
သူ့ရဲ့ အပစ်ကင်းကြောင်း video click ကိုလဲ
မယုံဘူး၊၊ အပစ်ကင်းတာကိုလဲ မယုံဘူး၊၊
သေချာပေါက် ပြန်ခံစားရအောင်လုပ်မှာ၊၊

 𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬    ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||Where stories live. Discover now