သခင်လေးကင်မ်ထိုင်နေတာ
အခုဆို အချိန်အားဖြင့် သုံးနာရီလောက်
ရှိပြီ၊၊ ဓာတ်ပုံ တစ်ပုံအားရင်ဝယ်ပိုက်ကာ
သတိရလိုက် စကားပြန်ပြောလိုက်
ငြိမ်သက်သွားလိုက် ခိုးငိုလိုက်နှင့်ပင်၊၊
တစ်ယောက်ထဲ အလုပ်တွေ ရှုပ်ပြီး အမှောင်ချ
ထားတဲ့ အခန်းထဲ ထိုင်နေတာ သုံးနာရီလောက်
ကိုရှိပြီ၊၊" Bzzz ! Bzzz ! "
vibrate လုပ်ထားသောဖုန်းမှ တုန်ခါသံ
တို့က ထွက်ပေါ်လာသည်၊၊
သို့ပေမဲ့ သူ မသိချင်ယောင်ဆောင်ကာ
ပစ်ထားလိုက်သည်၊၊ ဘာမှ မလုပ် ချင်သလို
ဘာမှလဲ မသိချင်ပါ၊၊ ဂျောင်ဂု နဲ့ စကားပြော
ပြီးကတည်းက သူဟာ ယခင်ကထက် ပိုပြီး
တုန်ပြန်မှုတို့ ခက်ထန်လာသည်၊၊
အိမ်ပေါ်တက်ကာ သီးသန့်စော်ကားခံလိုက်
ရသလို ခံစားလိုက်ရသည်၊၊
မာနတို့အား ထိပါးခဲ့သည့်
ဂျွန်ဂျောင်ဂု ကိုပိုမုန်းလာသည်၊၊
မရ ရအောင် ထိခိုက်အောင်လဲ လုပ်ရမည်၊၊
ကိုကို့ အတွက် ကလဲ့စားချေ ပေးရအုံးမည်၊၊
အရာအားလုံးသည် ဝန်ထုပ်ဝန်ပိုး အဖြစ်
သူ့အပေါ်သို့ ကျရောက်လာသလိုပဲ
စိတ်တွေက မလွတ်လပ်တော့၊၊
သို့ပေမဲ့ သူလုပ်ရမည်၊၊ ရင်ထဲက မီးစ
တွေကို ငြှိမ်းရန် ဒီတစ်နည်းကပဲ သူ့ကို
အပြည့်အဝ စိတ်ချမ်းသာမှု ပေးမှာမို့
ဒီတစ်ခုကတော့ သူ လုပ်ကို လုပ်ရမည်၊၊ဇွဲကောင်းသော ဖုန်းခေါ်သူဟာ
ဘယ်သူပါလိမ့်၊၊ ဂျက်ခ် နဲ့လဲ စကား
မပြောချင်ပါ ဒီသူငယ်ချင်း တစ်ယောက်ပဲ
ရှိတယ်ဆိုတာ သိပေမဲ့လည်း ထိုအကြောင်း
အရာတွေအား ဂျက်ခ် ကို အစကအဆုံး
သေချာပေါက် ပြန်မပြောပြချင်ပါ၊၊
တွေးတွေးရင်းတောင် ဒေါသထွက်ကာ
ပေါက်ကွဲချင်နေတာမို့ တိုးတိုးလေး နေပါရစေ၊၊လျစ်လျရှုကာ ထားပေမဲ့ ခေါ်ဆိုသူဟာ
ဇွဲကောင်းနေဆဲ Jack မဟုတ်တာတော့
သေချာသည်၊၊ jack သည် သူ့အကြောင်း
အား သူ့ထက်ပိုသိသူ၊၊အိမ်မှာနေလို့
နှစ်ခါဆက်၍မှ မကိုင်ရင် ဆက်မခေါ်တော့ ၊၊
အိမ်မှာ မရှိရင်တော့ တစ်မျိုးပေါ့၊၊ဘာကိစ္စနှင့် ဒီလောက်အသည်းအသန် ဖြစ်နေ
သည်လဲ မသိတာမို့ ဖုန်းအား ယူကြည့်လိုက်တော့
ဖုန်း contact မှာတော့ နာမည် ပါမလာခဲ့ ၊၊
unknown number မို့ ဆော့ဂျင် ကြောင်ပြီး
ခေတ္တခဏမျှ ကြည့်နေမိသည်၊၊ ထိုဖုန်းခေါ်သံ
ပြီးလို့ သူဖုန်းထဲ ကြည့်မိတော့ ...
![](https://img.wattpad.com/cover/337024345-288-k923622.jpg)
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️