🍓 & 🚬 "45 " 𝙵𝚒𝚗𝚊𝚕

2.4K 226 107
                                    

” morning ယူနာ ....

” အော အစောကြီးပါလား လင် ...

” အွန်း ဒါနဲ့ ယူ့ မျက်နှာကို ကြည့်ရတာ
ပျော်နေသလိုပဲ ဝမ်းသာစရာ တစ်ခုခု
ရှိလို့လား ။ ”

သူ့ မျက်နှာပေါ်က အရိပ်အကဲတွေက
ထိုမျှအထိ ပေါ်ထင် ထင်ရှားနေခဲ့ပါသည်။
အမေ တစ်ယောက်က သားသမီးတွေအပေါ်
ချစ်တဲ့ အချစ်က သိပ်ကိုမှ ထူးခြားနက်နဲလှ
သည် ။ သူပျော်သည် သားငယ်လေးလည်း
ပျော်နေလောက်ပြီမို့ ...

” ကိုယ်လည်း လင့်ကို အခုပဲ ပြောတော့
မလို့ပဲ မစ်ရှင် လုံးဝ အောင်မြင်တယ် ။ ”

သခင်မကြီး ယူက လက်မလေး နှစ်ဖက်
ထောင်ပြရင်း သူမရဲ့ အချစ်ဦး အမျိုးသမီး
ကို ဝမ်းသာစွာ ပြောပြနေသည် ။ ထို အမူ
အရာတွေကို မြင်မိတော့ မာရီယာလင်လည်း
ပြုံးသွားလေသည် ။

” သားငယ်လေ ညကတည်းက
သမက်ဂျွန်နောက် လိုက်သွားခဲ့တာ ။
ယူနာ့ သားက အရမ်းဆိုးတယ်မလား ။ ”

ဒီလိုလေးကြားရတော့လည်း ဝမ်းသာပါသည် ။ အချစ်ကံခေသူ သားဖြစ်သူအတွက်
စိတ်မကောင်းပေမယ့် သူတို့သားအမိ
နှစ်ယောက်စလုံးက ဒီအသိုင်းအဝိုင်းနဲ့
ရေစက်မရှိဘူးဟုသာ သဘောထားလိုက်မည် ။

” လူငယ်ဆိုတာ အဲလိုပါပဲ ယူ ရယ် ။
အခု ကလေးတွေလည်း အဆင်ပြေသွားပြီပဲ ။
နှစ်ဦးနှစ်ဖက် အချစ်တူလို့ ပေါင်းရတဲ့
အိမ်ထောင်ရေးဆိုတာ အကောင်းမွန်ဆုံးပဲ
မဟုတ်လား ။ ဒီအခြေအနေကနေ ကျော်ဖြတ်သွားခဲ့တာမို့ ဒီထက်ပိုတဲ့ လောကဓံရဲ့
ပြကွက်တွေကိုလည်း သူတို့ နှစ်ယောက်
အားနဲ့ ယှဥ်ပြိုင်နိုင်မှာပါ ။ယူ စိတ်ချလို့ရပါပြီ ။”

ချစ်ရသူနဲ့ ကွေကွင်းရတဲ့ ဒုက္ခကို
သူမ ကောင်းကောင်းသိတာပေါ့ ။
ဒါက ရှင်လျှက်နဲ့ သေနေသလိုပဲ ။
အရှင်လတ်လတ် ငရဲကျနေသလိုပဲလေ ။

” ကျေးဇူးအများကြီးတင်ပါတယ် လင် ...
ကလေးတွေ ကိစ္စ ဝင်ကူညီပေးခဲ့လို့ ။
သား Ken ရော အဆင်ပြေရဲ့လား ။ ”

” စိတ်မပူပါနဲ့ ယူ Ken က ဘယ်သူ့သားလဲ
ကိုယ့်သားပါ မာရီယာလင်ရဲ့ သား
ဒီလောက်ကတော့ အေးဆေးပါ ။ ယူ
ဘာမှ မတွေးနဲ့ အားလုံး အဆင်ပြေတယ် ။
အခု ခံစားချက်လေးကိုပဲ ဆက်ထိန်းထား ။ ”

 𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬    ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||Where stories live. Discover now