"Hello သခင်မကြီး ။"
" ဗျာ .... ဆော့ဂျင်က ဘာဖြစ်လို့လဲ !!
ဘယ်လို !! မူးလဲသွားတယ် ဟုတ်လား ။ "" အာ ... ဟုတ် ဟုတ် ကျွန်တော် အခု
လာခဲ့ပါ့မယ်။ ကင်မ်အိမ်တော်ကို ချက်ချင်း
လာခဲ့ပါ့မယ်။ "ဂျောင်ဂု သခင်မကြီး ဆီက ဖုန်းရပြီးတာနဲ့
ချက်ချင်း ကင်မ်အိမ်တော်ကို ပြေးရန်ပြင်
တော့သည်။ သူ့ စိုးရိမ်စိတ်တို့က ကြီးလာသည်။
ညက အရှိန်တွေကြောင့်များလား !!
နေမကောင်းဘူးလား ။ အရမ်း စိုးရိမ်ရလား ။
မူးလဲ တဲ့အထိ ဆိုတော့ ..." ဂျွန် ... ငါပါ လိုက်မယ် ။ ! "
သူပစ္စည်းတွေ ကမန်းကတန်း သိမ်းရင်း
ထွက်ဖို့ လုပ်တော့ ဟာနာကလည်း သူနဲ့
အတူ လိုက်ရန် ပြောလာသည်။" မြန်မြန် သွားရအောင် ။ "
ထို့နောက် သူနဲ့ ဟာနာ ကင်မ်အိမ်တော်သို့
သွားရန် ကားကို အမြန်မောင်းကာထွက်ခဲ့ကြသည်။
~~~~~” ကျေနပ်ပြီလား ”
” ဟွန်း ”
သခင်မကြီးကင်မ်က ဖုန်းကို ကိုင်ရင်း ဆိုဖာပေါ်
ထိုင်နေတဲ့ သားတော်မောင် ကို လှမ်းမေးသည်။
ဆော့ဂျင်ကတော့ ကျေနပ်သလို ဖွဖွ ရယ်နေရင်း
ဘာမှ မပြောလာခဲ့။ကင်မ်ဆော့ဂျင် နဲ့ တွေ့ရင် သခင်မကြီးလည်း
ခိုင်းတာ လုပ်ရတာပါပဲ ။" ဘာလို့ ဘာမှလည်း မဖြစ်ပဲနဲ့ သူများကို
ဖုန်းဆက်ဒုက္ခပေးရတာလဲ သားငယ်။
သမက်ဂျွန် ခမျာ မင်းကို စိတ်ပူပြီး လန့်သွား
ပုံပဲ။ ဘာဖြစ်လို့ အဲလောက် ဆိုးသွမ်းနေရတာလဲ။"" မေမေ မသိပါဘူးဆို ။ "
သခင်မကြီး အမေးကို ဆော့ဂျင်က
ဒီတိုင်း ပေါ့ပေါ့လေး ပြောသည်။
အေးလေ သူ့ရဲ့ အကြံစည်တွေကလည်း
သူများကို လိုက်ပြောပြလို့ မဖြစ်နေဘူးမလား။" အေးလေ မသိလို့ ဘာလဲ ဆိုတာ ပြောပြလေ။
မဟုတ်မှ နှစ်ယောက်သား ရန်ဖြစ်လာကြတာလား။"" အဲလို မဟုတ်ပါဘူးနော် ။"
ဘာမှ မသိပဲ ကောက်ချက်ပေးနေတဲ့ မေမေ့ကို
သူမရှင်းပြတတ်။ အမှန်တရားကို ဘယ်လိုပြော
ပြရမှာလဲ ။
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️