" ဘာလာရှုပ်ပြန်ပြီလဲ? ၊၊ "
မျက်စောင်းတစ်ချက်ဟာ ဂျွန်ဂျောင်ဂု ဆီသို့
ဒိုင်း ခနဲ ပစ်ဝင်လာသည်၊၊ ထို့နောက်
ခေါင်းတစ်လုံးပဲ ဖော်ထားသော အနေအထားမှ
တံခါးဆီသို့ ဘေးတစ်စောင်း အနေအထားဖြင့်
ခန္ဓာကိုယ်တစ်ခြမ်းပဲ ဖော်ကာ ရပ်လိုက်သည်၊၊
တံခါးအား အကုန်မဖွင့်သလို အခန်းထဲဝင်ရန်လဲ
မခေါ်ခဲ့ပါ၊၊နားထဲထည့်ထားသော နားကြပ်အား
ဖြုတ်ကာ တစ်ဖန်ပြန်ကြည့်သည်၊၊
ဘေးနားတွင် သခင်မကြီး ပါသည်မို့
ကင်မ်ဆော့ဂျင် က ယခင်ကလောက်
မရိုင်းပြပေမဲ့ ဂရုမစိုက်သလိုကတော့
ဆက်ဆံဆဲပင်၊၊" သားငယ်လေး အခုထိ ဘာမှ မလုပ်ရသေးဘူး
လား ? လာခေါ်တဲ့ လူကို နည်းနည်းပါးပါး အားနာ
ဦးလေ၊၊ သားကို ညကတည်းက ဖုန်းဆက်ပြော
ထားတာ မဟုတ်လား ၊၊
သွား မြန်မြန် သွားပြင်ချေ၊၊"" မလုပ်ချင်ဘူး ၊၊ ဘယ်မှ မသွားဘူး၊၊
ခင်ဗျား ပြန်တော့ ၊၊ လာမရှုပ်နဲ့ ! "Jay သည် မလုပ်ချင်ကြောင်းအား
ငြင်းကာ ဂျွန်ဂျောင်ဂု အားလဲမျက်စောင်း
ထိုးကာ အတင်းနှင်လွှတ်သည်၊၊" Jay .."
" ဘာလဲဗျာ အမေကလဲ "...
" အခု လိုက်မသွားရင် လက်ရှိသုံးနေတဲ့
" ကတ်" တွေ အကုန် ပိတ်ပစ်မယ် ၊၊ "" မေမေ ! "
သခင်မကြီးဆီမှ ခြိမ်းခြောက် စာပင်၊၊
မုန့်ဖိုးဖြတ်မယ် ပြောတယ်ပေါ့ ၊၊
မေမေဟာ ဂျွန်ဂျောင်ဂု ဘက်တော်သား
ဖြစ်နေပြီ၊၊ ဒီကောင်ရဲ့ ကလိမ်ကကျစ်
အပြောတွေမှာ ကင်မ်သခင်မကြီးက
ပလက်ရော မှောက်ခုံရော မျောနေပြီ ဆိုတာ
တော့ သတိပေးရန် နှစ်ယောက် စကားပြော
ဖို့တော့ လိုပြီ၊၊ဆော့ဂျင် မကျေမချမ်း အသံတွေကိုဆွဲကာ
ခေါ်လိုက်တော့ မေမေက ဘာမှ မပြော
စိုက်ကာ ကြည့်နေသည်၊၊ ဆိုလိုတာက
ထပ်ခေါင်းမာနေရင် တစ်ကယ်လုပ်တော့မှာ၊၊" ဖြတ် ! Jack တစ်ယောက်လုံး ရှိသေးတယ် ၊၊ "
" အဲ့ဒီ jack ကိုပါ ငါက မင်းကို
မကူညီဖို့ တားမယ် ၊၊ "ရှိတဲ့ သူငယ်ချင်း တစ်ယောက်ကိုပါ
ခြိမ်းခြောက် တော့မည်၊၊ ဂျက်ခ်ဆိုတဲ့
ကောင်ကလဲ သခင်မကြီးဆို ကြောက်သည်၊၊
ဟိုက မလုပ်နဲ့ဆိုရင် လှုပ်ရဲသည့် ကောင်မဟုတ်၊၊
သွားပြီ ကင်မ်ဆော့ဂျင် က လက်ထဲမှာ
ပိုက်ဆံ မရှိပဲ ခဏလေးတောင် မနေနိုင်၊၊
ပိုက်ဆံသိပ်ကြိုက်သည်၊၊ "ကတ်" တွေ အကုန်
ပိတ်ပစ်မည် ဆိုသော စကားဟာ ဖြတ်သန်း
လာတဲ့ 25 နှစ်တာမှာ ဒါ ပထမဆုံး ကြားဖူးတာ၊၊
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️