" ဟန်နီ တော်သင့်ပြီ !! "" မတော်နိုင်ဘူး ဂျိုးဇက် ! ရှင်... ဘာသိလို့လဲ !
ကျွန်မနေရာမှာ နည်းနည်းလေးလောက်
ဝင်ပြီး ခံစားပေးကြည့်စမ်းပါ ကျွန်မ
ကျွန်မ .... အေ့ .." တော်ပြီ မသောက်တော့ပါနဲ့ဆို !! "
" ဟင့်အင်း မတားနဲ့ ဂျွန့်ကို ခေါ်ပေး !
အခုခေါ်ပေး ကျွန်မ ဂျွန့်ကို သိပ်ချစ်တယ်
ဆိုတဲ့ အကြောင်း တွေကို ဒီနေ့ ပြောတော့မှာ
ဟက် ပြောတော့မှာ ... !! "ထိုသို့ ပြောပြီး ဖန်ခွက်ထဲက အရက်တွေကို
မော့၍ သောက်ချနေပြီ ။ ဟာနာက နေ့လည်
ကတည်းက သူ့ဆီကို လာကာ ကင်မ်ဆော့ဂျင်
ကိုရှင်းပစ်ဖို့ အကြောင်း မုန်းတီးကြောင်း
လက်တုံ့ပြန် ရမှ ကျေနပ်မည် ဖြစ်ကြောင်း
မျိုးစုံကို ပြောနေသည် ။အခုကတော့ ကျိုးပျက်သည့် ရုပ်သေးရုပ်
လိုပင် ပြိုလဲ ကျနေလေပြီ ။ မျက်ရည်တွေ
စီးကြ ကာ သူမနှုတ်က အခေါ်ပြုတဲ့ နာမ်မဟာ
ဂျွန် တဲ့ ....ဂျိုးဇက် စိတ်ထဲ ထောင်းကနဲ ဖြစ်သွားရသည်။
အစောကြီးကတည်းက သူကြိုသိနေပေမဲ့
တကယ့် လက်တွေ့ ခံရတော့ ခံရခက်လှသည် ။ကျွန်တော် လူကောင်း တစ်ယောက်မဟုတ်ဘူး။
အစကတော့ မစားရတဲ့ အမဲ သဲနဲ့ ပက်သင့်
ရင် ပက်ရမည်တွေးထားခဲ့တာပင် ။ အခု ဟာနာ့
ရဲ့ သဘောတူညီ ချက်တစ်ခုကြောင့် စိတ်ကူး
ပြောင်းသွားရသည် ။ ဂျောင်ဂုကို ဖွင့်ပြောမယ်
ဆိုတာ ကလည်း မကျေနပ်ချက်တွေပဲ ဖြစ်မှာ
ချစ်တဲ့ အကြောင်း ဆိုတာက သူမ မူးနေလို့
သူက အမြဲ အဲလို မူးရင် စကားတွေ မမှန်
တော့ဘူးလေ ။ ကျွန်တော်မျိုးကပဲ ခွှင့်လွှတ်
လိုက်ပါ့မည် ။တစ်ကယ်တော့ ကိုယ်ချစ်ရတဲ့ အမျိုးသမီး
ကို သူများ လက်ထဲပါမှာ ကြောက်လို့ ကျွန်တော့်
အနားမှာပဲ သူမကိုထားချင်လို့ ဒီလိုအရာမျိုးတွေကို ကျွန်တော်ကပဲ လက်ခံပေးနိုင်တာမို့ သူမ ဘဝကို ကျွန်တော် မသိမသာလေး ဖျက်စီးခဲ့မိတယ် ။
ဆေးစွဲနေတဲ့ ဟာနာ ကို ကျွန်တော် ကောင်းကောင်း ကြိုးကိုင်နိုင်ခဲ့တယ်။
အခုထိရော ...သူမက ဆေးစွဲပြီး ခေါင်းမာကာ ဆိုးသွမ်း
လာတာ တစ်ခုပဲ ရှိတယ် ကျွန်တော့်ကိုတော့
ဘယ်တုန်းကမှ မချစ်ခဲ့ဘူး ... အသုံးချချင်ရုံ
သက်သက်သာ ကျွန်တော့် ဘဝ ထဲ ဝင်ရောက်
လာခဲ့တာ ! ကျွန်တော့်ကို တစ်ကယ် မချစ်နိုင်
တဲ့ အမျိုးသမီး တစ်ယောက်အတွက်
ဒီလက်တစ်စုံဟာလည်း သွေးစွန်းပြီးပြီ ။
အပြစ်မရှိတဲ့ ဘဝတွေလည်း ကျွန်တော့်
ကြောင့်ပဲ ချစ်ရတဲ့လူတွေနဲ့ ခွဲခွာခဲ့ရပြီ ။
လှပဆဲ ပန်းပွင့်တွေလည်း ကျွန်တော့်ကြောင့်
အကြွေစောခဲ့ရတာ ။ ဒါပေမဲ့ စိတ်မကောင်း
ဖြစ်ရုံပါပဲ ကျွန်တော် နောင်တ မရဘူး ...
YOU ARE READING
𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬 ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||
Fanfiction" ဒီလောက်နဲ့ တုန်လှုပ် နေပြီလား ?! နေပါအုံး ....ဟက် ! ဇာတ်လမ်းက အခုမှ စမှာ ! " ⚠️