🍓 & 🚬 "17"

1.8K 216 88
                                    

" မင်္ဂလာပါ CEO "

သူရုံးထဲသို့ ခြေချတော့ ခေါင်းငုံအရိုသေပေးကြသော ဝန်ထမ်းများအား အသိအမှတ်ပြု ကာ ခေါင်းညိတ် ပြလိုက်သည်၊၊ သူ၏ ဘေးမှာတော့ တစ်လောကလုံးအား သူ့လုပ်စာ ထိုင်စားနေရသလိုမျက်နှာဘေးနဲ့ မကျေမချမ်း လိုက်လာသူလည်း ပါသည်၊၊ ဒီမနက် ဆော့ဂျင်ကို သူ့ရုံးသို့
ချောဆွဲ ခေါ်ခဲ့တာပင် ၊၊

ရုံးက ဝန်ထမ်းများသည် သူ့ဘေးကကင်မ်ဆော့ဂျင် အားကြည့်ကာ အနည်းငယ် စပ်စု ချင်နေ
ကြသည်၊၊

" အားလုံးပဲ မှတ်ထားပါ ဒါက အလုပ်သင်အသစ်
နာမည်က ကင်မ်ဆော့ဂျင် တဲ့ "

လက်ထပ်ထားသည့် လူလို့ မပြောရန် အိမ်မှာကတည်းက ကတိတောင်းလာတဲ့ ထိုသူကြောင့်
အလုပ်သင်လို့သာ ပြောလိုက်မိသည်၊၊

" အိုမို အိုမို ကင်မ်အိမ်တော်က သခင်လေးမလား ဒါ ! တို့ ကုမ္ပဏီ မှာ အလုပ်သင်လာလုပ်တယ်ပေါ့၊၊ "

" မင်္ဂလာပါ သခင်လေးကင်မ် ချောလိုက်တာ အဟိ "

ကုမ္ပဏီက အမျိုးသမီး ဝန်ထမ်းများသည် ယွစိကိုတက်လို့ ! ကင်မ်ဆော့ဂျင် က တစ်ကယ်ကို ခေသူမဟုတ် ၊၊ သူ့ဝန်ထမ်းအမျိုးသမီးများကလည်း သူ့ရှေ့မှာပင် မရှောင် ပြောကြ
ဆိုကြ မထီမဲ့မြင် မျက်နှာဘေးများ ဖြင့် ၊၊

နှုတ်ဆတ်လာကြသော အမျိုးသမီးများအားလည်းကင်မ်ဆော့ဂျင် အနည်းငယ် ပြုံးပြပြီးသာ တုန့်ပြန်လိုက်သည်၊၊ ထို့နောက်မှ ဂျွန်ဂျောင်ဂု နောက်သို့ သူလိုက်ရပြန်သည်၊၊

" အော CEO မင်္ဂလာပါ ၊ သခင်လေးကင်မ်
မင်္ဂလာပါ ၊၊ "

ရုံးခန်းထဲ မဝင်ခင် အတွင်းရေးမှူး ဟန် နဲ့တွေ့
တော့ လီဟန်က သူတို့ နှစ်ယောက်စလုံးအား
သူအလုပ်လုပ်နေသော စားပွဲခုံမှ မတ်တပ်ထရပ်
ကာ တက်တက်ကြွကြွ နှုတ်ဆတ်လာသည်၊၊

" အင်း "

" ဝါး ငါတို့ CEO က မတွေ့ရတဲ့ ရက်နည်းနည်းလေး အတွင်းမှာ ပိုပြီးတောင် ချောပြီး ကြည့်ကောင်းလာသလိုပဲ ၊၊ ဘာဆေးတွေ မှီဝဲနေတာလဲဆေးကောင်းဝါးကောင်းလေး ရှိရင် ညွှန်းပါအုံး "

 𝑺𝒕𝒓𝒂𝒘𝒃𝒆𝒓𝒓𝒚 & 𝒄𝒊𝒈𝒂𝒓𝒆𝒕𝒕𝒆𝒔 🍓🚬    ||𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎 ✔||Where stories live. Discover now