Ch(1)🍀

39.3K 842 88
                                    

"ကျစ်! ! "

"ခဏလေးပဲလို့ မင်းဘာဖြစ်နေတာလဲ"

"ဟ!!မင်းကောင်က ခုထိလာမှမလာ​သေးတာ ။ငါစိတ်မရှည်ဘူးနော် ဖြိုးကို "

"နင်ကလဲ... ဘာဖြစ်နေတာလဲ ။သူလာတော့မှာပါခဏလေးပဲလို့။ ငါလခွမ်းလိုမှပဲ "

ဆုလာဒ်မင်းပိုင် ဒီမသာကောင်ကို
တစ်ကယ် စိတ်မရှည်တော့ပါ။ စော်လာငမ်းတာဆိုရင် သူလိုက်စောင့်ပေးရတာခံသာသေးသည်။ အခုဟာက ဘဲလာငမ်းသည်ဆိုပဲ ။ငယ်ထဲကပေါင်းလာသည့် သူငယ်ချင်းမို့ မငြီးမညူလိုက်လာရပေ့မယ့်ရင်ဝကိုတော်တော်လေး ဆောင့်ကန်ချင်နေပြီဖြစ်သည်။

"အေး...နောက်ဆယ်မိနှစ်နေလို့မှမလာရင် ငါပြန်မှာ "

"ပိုင်လေး... နင်မယုတ်မာနဲ့နော် ငါ
ညက Write House မှာ ကျွေးတုန်းကကျမြိုစို့ထားပြီးတော့"

"ဟ! !အခုဟာက တော်တော်ကြာနေပြီလေကွ "

"သူ မပြီးသေးလို့နေမှာပေါ့ ။လျှာရှည်လိုက်တာပိုင်လေးရာ အေးဆေးနေစမ်းပါ"

သူ ဆိုင်ကယ်ပေါ် တက်ထိုင်ကာ ဖုန်းကို ထုတ်ကြည့်ရင်းစောင့်နေလိုက်သည်။ ဖြိုးကိုကိုဦးနဲ့သူက ငယ်ပေါင်းတွေမို့ပြောမနာဆိုမနာ
။ အဖေတစ်ခုသားတစ်ဖြစ်တဲ့သူ့အတွက် ဒုတိယ မြောက်ခင်တွယ်ရာဆိုလို့ ဒီနွားတစ်ယောက်ပဲရှိသည်။

ဒီကောင်က မိန်းမတွေကိုမကြိုက်။ ကောင်လေးတွေကိုထည်လဲတွဲသည်။ အတည်တစ်ကျတွဲပါဆိုလဲမရ။ သူကတော့ ပြောင်းပြန်
ခုချိန်ထိ မိန်းမလဲမကြိုက်သလို
ယောကျာ်းလဲမကြိုက်ပါ။ အဖေနဲ့နေပြီး လွပ်လပ်နေတဲ့သူ့ဘဝလေးကိုသာမြတ်နိုးပါသေးသည်။

"ဖြိုးကို"

"ဘာလဲ "

"ကျူးရင့်က မင်းကိုကြိုက်ပါ့မလား။ သူကမိန်းကလေးတွေပဲ တွဲတာနော်"

"အမလေး ငါရဲ့မာယာတစ်သိန်းအောက်မှာဒင်း ကျဆင်းသွားစေရမယ်"

"ကျူးရင့်အတွက် ငါရင်လေးမိတယ်"

ဖြိုးကို သူ့ကိုမကြည်သလိုကြည့်လာပြီး

"ဘာလို့လဲ ...."

"မင်းရဲ့ တွင်းနက်ကြီးထဲ ပြုတ်ကျရတော့မှာမို့... "

ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)Where stories live. Discover now