Ch(4)🍀

7.8K 382 19
                                    

သြဇာ ဘုရားကန်တော့ပြီး အောက်ထပ်ဆင်းလာတော့ တွေ့လိုက်ရ တဲ့မြင်ကွင်းကြောင့် မျက်ခုံးတို့ကိုတွန့်ချိုးလိုက်မိသည်။

ပိုင်လေးနဲ့ခပ်ဖြူဖြူကောင်လေးတစ်ယောက် ကြမ်းပြင်တွင်ထိုင်ကာ မနက်စာကို အားရပါးရ စားနေကြသည်။ ဟိုဆံပင်ကောက်ကောက်နဲ့ အိမ်ကအကောင်က ဒူးပါထောင်ထားသေးသည်မို့ သြဇာမကြိုက် ။

"အိမ်မှာ စားပွဲမရှိလို့လား
ကောင်လေး "

"မဟုတ် မဟုတ်ပါဘူး ဦး "

"အယ် "

ဖြိုးကိုနဲ့ပိုင်လေး အသံလာရာပြိုင်တူကြည့်လိုက်ကြပြီး ဦးမေးတာကို ပိုင်လေး ခပ်မြန်မြန်ဖြေလိုက်သည်။ ဖြိုးကိုတော့ ဦးကိုလဲမြင်ရော ချက်ချင်းငြိမ်သက်သွားကြသည်။ ဟနေတဲ့ပါးစပ်တွေကိုတော့ နှစ်ယောက်လုံးမပိတ်မိကျ။

မနက်ခင်းမျက်နှာသစ်ပြီးကာစမို့ထင် ဦးမျက်နှာကကြည်လင်နေသည်။ ပျားရည်ရောင်အသားရည်က တီရှပ်အနက်ရောင်အောက်ကနေသပ်သပ်ကွဲထွက်နေကာ ကြည့်လို့တစ်မျိုးကောင်းနေသည်။ တီရှပ်ကိုပုဆိုးအစိမ်းထဲထည့်၀တ်ထားတာမို့ ဦးက လူကြီးလူကောင်းဆန်စွာ ပိုင်လေးရဲ့မနက်ခင်းကို ဖမ်းစားနေသည်။

"မသာ နင်လူက ချောလိုက်တာ "

ဖြိုးကို ခပ်တိုးတိုးကပ်ပြောလာတာမို့နားရင်းတစ်ချက်ပိတ်အုပ်လိုက်ရသည်။

"ဖြောင်း!! မင်းပါးစပ်ကိုပိတ်ထားအုံး သွားရည်တွေ ကျနေပြီ"

"ဟဲ... "

ဆုလာဒ်မင်းပိုင်း ဖြိုးကို ကိုသတိပေးလိုက်ပြီး ဦးအားလှမ်း၍သွားဖြဲကာရယ်ပြလိုက်သည်။

"ရှိရင်စားပွဲနဲ့လူလိုသူလိုစားပေါ့
ကွ "

"ဟို..ဟို သားတို့က ဒီကောင်အိမ်လာရင်ဒီလိုပဲစားနေကြမို့ပါ "

ဖြိုးကို မျက်နှာကိုပြုံးဖြဲထားပြီးမျက်နှာလိုမျက်နှာရနဲ့၀င်ပြောတော့

"လူငယ်တွေဖြစ်ပြီး စည်းကမ်းကို မရှိဘူး "

"အမ်!!"

နှစ်ယောက်လုံး ပြိုင်တူ စားလက်စတူလေးတွေချကာ ဇက်ကလေးတွေပုသွားကြသည်။ ပိုင်လေး မကောင်းတတ်တာမို့

ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)Where stories live. Discover now