Warring ပေးတာမို့မကြိုက်ရင်ကျော်ဖတ်လို့ရပါတယ်ခင်မျ ‼️‼️အခန်းတံခါးကိုဖွင့်၍ ကောင်လေးကိုညင်သာစွာ ကြမ်းပြင်ပေါ်သို့ သြဇာ ချပေးလိုက်သည်။ အခန်းကိုတစ်ချက်ဝေ့ကြည့်လိုက်တော့ ရှင်းထားတယ်ထင် သူနေရာသူသပ်ရပ်လို့နေသည်။
အိပ်ယာလေးတွေကစညီညာနေတာမို့ သူပြုံးလိုက်မိသည်။ ဗရုတ်ကောင်လေးက သူသင်ပေးထားတဲ့အကျင့်လေးတွေကို မှတ်ထားတတ်လို့ တော်သေးတာပေါ့။
"ပြွတ်!"
ရုတ်တရက်နူတ်ခမ်းကို လှမ်းနမ်းလိုက်သူကြောင့် သြဇာ ရင်တုန်စွာမျက်မှောင်တို့စုကြုံသွားမိသည်။ သူပိုင်နက်ထဲမို့ထင်တိုင်းလုပ်နေတာလား ဒီကလေး။ ဒီလူရဲ့သမာဓိကလဲ ဒီကောင်လေးနဲ့မှဖရိုဖရဲဖြစ်ရတော့သည် ။
"ဘာလဲ မကြိုက်ဘူးလား "
"ကိုယ်ကကြိုက်တယ်ပြောရင် ထပ်ရမှာလား "
"သွား!!"
ရုပ်တည်ကြီးနဲ့မျက်ခုံးတစ်ဖက်ကို ပင့်၍ ပြောလာသူကြောင့် ပိုင်လေး ရှက်ရွံ့အောက်နူတ်ခမ်းတို့ကိုခပ်တင်းတင်းဖိကိုက်လိုက်မိသည်။
သြဇာ ကောင်လေးခါးကို သူအနားသို့နီးကပ်အောင် ဆွဲကပ်ပြစ်လိုက်ပြီး....
"ကိုယ်ကိုရေချိုးခွင့်လေးတော့ပေးပါအုံး "
"ဟာ...ဦးနော်ဘယ်သူကဘာပြော အွန့်! "
"ဟားဟားဟား!!"
ကျယ်လောင်စွာထွက်ပေါ်လာတဲ့ဦးရဲ့ ရယ်သံကြီးကို ပိုင်လေး မနေတတ်စွာ ပါးစပ်ကိုလက်နဲ့လိုက်ပိတ်နေမိသည်။
"ဟေ့!!ဟေ့ အဲ့လိုမလုပ် "
ခါးကို ထိတွေ့ကာ ကလိထိုး၍ စလာသူကြောင့် သြဇာ မနေတတ်စွာရှောင်ဖယ်ရင်း အိပ်ယာပေါ်သို့ ထပ်လျက်သား ပြိုလဲကျသွားတော့သည်။
ရီဝေစွာ ကြည့်နေတဲ့ကောင်လေးရဲ့မျက်လုံးမှေးမှေးလေးတွေ တုန်ယင်နေတဲ့ နူတ်ခမ်းပါးပါးလေးတွေက သြဇာရဲ့စိတ်ကို အဆုံးစမဲ့ လောင်ကျွမ်းလာစေသည်။
"ကလေး.."
"ဗျာ..."
"ကိုယ်ကို ခွင့်ပြုမယ်မလား "
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)
Romanceအေးတယ်၊ငြိမ်းတယ်၊မွှေးတယ် အရာရာပြည်စုံနေတဲ့ ဦးက ကျွန်တော်အတွက်သိပ်ချိုတယ်။ ဦးသြဇာရှိန်+ဆုလာဘ်မင်းပိုင်