Ch(15)🍀

6.9K 276 13
                                    

"ဦး !!ဦး "

အခန်းပြင်ကကောင်လေးအော်သံကြောင့် သြဇာ စားပွဲပေါ်ဖတ်လက်စစာအုပ်လေးတင်လိုက်ကာ မက်တပ်ထရပ်လိုက်ပြီးအခန်းတံခါးကို ဖွင့်လိုက်သည်။

"ဘာလို့အဲ့လောက်အော်နေတာလဲ "

"ဟီး..ဖုန်းခဏဆက်ချင်လို့ခင်မျ "

ကောင်လေးမှာခုထိဖုန်းမရှိသေးဘူးပဲ။ တစ်ကယ်ပေတဲ့ကောင်လေး။ ဖအေကိုစိတ်ဆိုးတာနဲ့ဖုန်းကိုပါထားပြစ်ခဲ့သည်။

ခွင့်တောင်းနေပုံလေးကအပြစ်ကင်းကာ ဆံပင်ကောက်လေးတွေနဲ့တစ်ကယ်ကလေးလေးလိုဖြစ်နေသည်။ ၀တ်ထားတဲ့ဘောင်းဘီတိုကလဲတိုတတ်ကာပေါင်ထိရောက်နေသည်။ သူရေချိုးဘောင်းဘီကိုယူ၀တ်ထားပြန်ပြီ။

"အင်း ...ဆက်လေ"

"ဟုတ်"

"နေဦး ...ငါ့ဘောင်းဘီတွေကိုယူ၀တ်ပြန်ပြီလား"

"အာ...နေရတာသက်တောင့်သက်သာရှိလို့ပါဦးရဲ့ "

ပါးစပ်ထဲလက်ထည့်ကိုက်လိုက်ကာပြောလာသူကြောင့် သြဇာ မျက်နှာလွှဲလိုက်ပြီး ချောင်းဟန့်လိုက်သည်။

"အဟမ်း! အရမ်းတိုလွန်းနေတယ်လေ"

ပိုင်လေး ကိုယ်ကိုကိုယ်ပြန်ငုံ့ကြည့်ကာ ရယ်လိုက်သည်။ ဘာမဖြစ်ပါဘူးဒီလောက်ချစ်စရာကောင်းနေတာကို။ ပြန်မော့ကြည့်တော့ ဦးက ပြုံးစစဖြစ်နေသည်။

"ဘာလဲ ဦး အသဲယားလို့လား "

"မဟုတ်တာတွေမပြောစမ်းနဲ့ "

"ဟုတ်လို့ပဲ ဦး မျက်နှာကြီးနီနေပြီ "

"မြစ်ကြီးနားသားတွေနဲနဲမှအကောင်းပြောလို့မရဘူး"

"အပြောတော့ကောင်းကြပါတယ်ဦးရဲ့ "

"ကောင်လေး !"

မျက်မှောင်ကြုတ်ကာ အော်လာသူကြောင့်

"အဲ့လိုကြီးမအော်နဲ့လို့ပြောထားတယ်လေ။ ဦး အဲ့လိုအော်ရင် ကျွန်တော်တအားချစ်တာဗျ"

"ဒီ.....!"

"ဟားဟား !"

တံခါးဆောင့်ပိတ်သွားသူကြောင့်ပိုင်လေး အော်ရယ်ကာကျန်ခဲ့သည်။

ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)Where stories live. Discover now