ch(8)🍀

6.9K 258 15
                                    


"hello ဖြိုးကိုလား "

ဖုန်းသံကြောင့် ဖြိုးကိုနိုးသွားကာ မျက်လုံးကိုအားယူဖွင့်၍ ဖုန်းကိုလှမ်းစမ်းလိုက်ပြီး ပိုင်လေး ဆိုမှ သူကိုင်လိုက်သည်။

(အင်း...)

"မင်းအသံကခွေးစားသွားတာလား"

(ငါနေမကောင်းဘူး ပိုင်ကြီး )

"ဟ!!မနေ့ကတွေ့တုန်းကအကောင်းပါ "

ဖြိုးကို နာကျင်ကိုက်ခဲနေတဲ့ခန္ဓာကိုယ်ကြောင့် အိပ်ယာကပင်မထနိုင်သေး။ လူကသာမူးနောက်နေပြီ အိပ်ချင်စိတ်တွေသာကြီးစိုးနေသည်။

"ငါပျင်းလို့ ညကြရင် bar သွားရအောင် "

ဦးလဲ ဒီညအိမ်မှာမရှိဘူးဆိုတော့သူလဲလစ်ထွက်ချင်တာမို့ ဖြိုးကို ကိုလှမ်းခေါ်နေတာဖြစ်သည်။

(ဒီပုံအတိုင်းဆိုငါမလိုက်နိုင်တော့ဘူးထင်တယ် ၊ မင်း  ဆွတ်ရိန်တို့ကိုခေါ်ကြည့်ပါလား )

ပိုင်လေး နှာခေါင်းရူံ့လိုက်ပြီး

"သစ္စာဖောက် မင်းသေရင်ငါမလာဘူး "

(အေးကွာ ယပ်တောင်လေးတော့ကမ်းပေး )

ဖြိုးကို ကိုသွားရွဲ့လို့မရ ကိုယ်ထက် ဆယ်ဆပြန်ရွဲ့တတ်တဲ့ကောင်။

"ခွေးသား လဒစာကျွေးပြစ်မယ် "

"ဟက်!!"

ဖြိုးကို ဖုန်းကိုချလိုက်ပြီး အသားမကျသေးတဲ့ရင်ခွင်ကျယ်ထဲတိုး၀င်လိုက်သည်။ လူကတစ်ကိုယ်လုံးကိုက်ခဲနေတာမို့ အိပ်ချင်နေသေးသည်။

"ဆုလာဒ်မင်းပိုင်လား "

"အင်း..."

"ဘာတဲ့လဲ "

"Barသွားမလို့ခေါ်နေတာ "

"လိုက်ချင်လိုက်သွားလေ ကိုယ်ပြန်လိုက်မယ် "

"ဒီနေအထားက bar သွားနိုင်တဲ့ပုံစံပေါက်နေလို့လား "

ဖြိုးကို ရူံ့မဲ့စွာချစ်စဖွယ်ဆိုတော့

"အာ...ဟုတ်သား နာနေသေးလား "

"အင်းနဲနဲပါ....အဆင်ပြေပါတယ် "

ကျူးရင့် ဖြိုးကို ကိုရင်ခွင်ထဲဆွဲသွင်းလိုက်ကာ အိစက်နေတဲ့ခန္ဓာကိုယ်ကို အသဲယားစွာဖျစ်ညစ်နေမိသည်။

ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)Where stories live. Discover now