သြဇာ အိပ်ယာထက်လှဲချလိုက်ပေ့မယ့် အိပ်လို့မရ။ သူလုပ်ရက်ကမှန်ရဲ့လားမသိပေ့မယ့် ပြတ်သားထားနိုင်မှ တော်ကာကြမည်။ မဟုတ်လျှင် ဒီကောင်လေးဆိုးတဲ့အကြောင်းသူကောင်းကောင်းသိသည်။
ရုတ်တရက်၀င်လာတဲ့ဖုန်းသံကြောင့် သြဇာရှိန် တုန်သွားသည်။ စိတ်ရူပ်စွာ ဖုန်းကိုလှမ်းယူကြည့်တော့ မျိုးသန့် ။
"ပြော..မျိုးသန့် "
(ငါ့သားမင်းဆီရောက်လာသေးလား သြဇာ )
"မရောက် ...မရောက်လာပါဘူး "
သူညာလိုက်ရပေ့မယ့် မလုံ ။ သူတို့ပြသာနာတွေကြားကိုယ်ကိုဘာလို့ဆွဲထည့်ချင်နေရတာလဲ။ ကိုယ့်ပြသာနာကိုယ်ပဲသိသည်။ ဘာစိတ်မှမရှိရင်တစ်မျိုး အခုကကောင်လေးကသူကိုသဘောကျပါတယ်စွတ်လုပ်နေတာ။
(သား ငါ့ကိုစိတ်တော်တော်လေးဆိုးသွားတယ် သြဇာ ။ သူဒီမြို့ကလွှဲရင် ဘယ်မှသွားဖူးတာမဟုတ်ဘူးကွာ ။ သူ့သူငယ်ချင်းကောင်လေးပြောတာတော့ မင်းဆီကိုသွားတယ်တဲ့ ။ သူလာခဲ့ရင် ခဏလောက် စောင်ရှောက်ထားပေးပါအုံးကွာ ငါ့သားလဲမင်း သားလိုပါပဲ နော် သြဇာ )
'မင်း သားကငါကိုကြံနေတာခွေးကောင်ရ '
သူအော်ပြောလိုက်ချင်ပေ့မယ့်မပြောရဲ ။
မျိုးသန့် အသံကတော်တော်ကြီးမကောင်းတာမို့ သူစိတ်တော့မကောင်းဖြစ်သွားသည်။ သူငယ်ချင်းအရင်းကြီးမို့ ဥပေက္ခာကလဲ အပြုရက်။"မင်း သားက ငါနဲ့မဖြစ်ဘူးထင်
တယ် "(မင်းနဲ့ဆိုငါကပိုတောင်စိတ်ချသေးတယ် ၊ သားကမင်းကိုတော်တော်ခင်တွယ်ရှာပါတယ်ကွာ ငါစိတ်ချချင်တယ်သြဇာ သားစိတ်ပြေရင် ငါချက်ချင်းပြန်လာခေါ်မယ် သြဇာ )
"မဟုတ်သေးဘူးနော် ...Hello hello ဟာ ဟျောင့်!"
ပြောချင်ရာပြောပြီးဖုန်းချသွားသူကြောင့် သြဇာရှိန် စိတ်ပျက်စွာ အိပ်ယာပေါ်ထိုင်ချပြစ်လိုက်သည်။မျက်မှန်ကို တစ်ချက်ပင့်တင်လိုက်ရင်း ပြတင်းပေါက် ကနေ ခြံအပြင်ကို သူ တစ်ချက်လှမ်းချောင်းကြည့်လိုက်သည်။
"ကျစ်!!"
မိုးရေထဲ လက်လေးပိုက်ကာ ကောင်လေးကခုထိရပ်နေဆဲ။ သွားလိုက်သင့်ပြီကို ဘာတွေမျှော်လင့်နေတာလဲ။ သူသွားတော့လို့ပြောလိုက်တာကိုနားမပါတာလား ။ ခေါင်းကလဲဒဏ်ရာကြီးနဲ့ မိုးရွာနေတာကိုကွာ ။ ဒီကောင်လေး ဒီလောက်တောင်ဂျစ်ရလား ။
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)
Romanceအေးတယ်၊ငြိမ်းတယ်၊မွှေးတယ် အရာရာပြည်စုံနေတဲ့ ဦးက ကျွန်တော်အတွက်သိပ်ချိုတယ်။ ဦးသြဇာရှိန်+ဆုလာဘ်မင်းပိုင်