ဆုလာဘ်မင်းပိုင် အိမ်ကိုပြန်ရောက်တော့ ဧည့်ခန်းထဲတွင်ဖေဖေ့မိန်းမကိုတန်းတွေ့လိုက်ရသဖြင့် ရင်ထဲမှာအောင့်ကနဲဖြစ်သွားသည်။ ဖေဖေ့မျက်နှာကိုကြည့်၍ ခနဲ့သလိုတစ်ချက်ရယ်လိုက်ပြီး နူတ်ဆက်စကားမဆို အပေါ်ထပ်သို့ တတ်ရန်ပြင်လိုက်သည်။"ဆုလာဘ်မင်းပိုင် !!"
ဖေဖေ ခေါ်သံကြားပေ့မယ့် သူတစ်ချက်မှ လှည့်မကြည့်ဖြစ်။ သူတို့လုပ်ရပ်တွေကမှန်ပြီး ကိုယ်လုပ်ရက်တွေကြမှားတယ်တဲ့လား ။
"သား ပိုင်လေး ဖေဖေ ခေါ်နေတာကြားလား "
ဆုလာဘ်မင်းပိုင် တစ်ချက်လေးတောင်လှည့်မကြည့်မိ ။စိတ်ရောလူရေ ဗလာဖြစ်နေသည့်အချိန်မို့ ဘယ်သူကိုမှစကားပြောချင် ပြောရင်လဲဗလာတွေပဲဖြစ်လာမှာကိုသိသည်။
"ခဏလွတ်ထားပေးလိုက်ပါ အစ်ကို ကလေးနားပါစေ "
ထိုမိန်းမအသံကြောင့် သူခဏရပ်တန့်သွားပေ့မယ့် ဘာစကားမှပြောချင်သည့်စိတ်မရှိတာကြောင့် ဆက်လျှောက်လာမိသည်။ တိတ်ဆိတ်သွားတဲ့ဖေဖေက သူများစကားကျ တစ်ခွန်းထဲနဲ့ပြီးတယ်တဲ့လား ။
အိပ်ယာပေါ်လှန်လဲချလိုက်ပြီး မျက်နှာကျက်ကိုတွေဝေစွာစိုက်
ကြည့်နေမိသည်။ ဦးကဘာလို့ငါ့ကိုနှင်တာလဲ။ ချစ်တယ်ဆို ကျွန်တော်မရှိပဲမနေနိုင်ပါဘူးဆိုတဲ့လူက ဘေးလူရဲ့တစ်ခဏစကားကြောင့် မာနလေးတစ်ခုအတွက် ကျွန်တော်ကိုနှင်ရက်ခဲ့တာလား။မေမေနဲ့ကရောဘာတွေလဲ ။ ဘာတွေပဲဖြစ်ခဲ့ပါစေအတိတ်တွေကိုကျွန်တော်စိတ်မ၀င်စားဘူး။ ကျွန်တော်စိတ်၀င်စားတာဦး ၊ ကျွန်တော်ချစ်ခဲ့တာဦး ။
"အား!!"
ဆုလာဘ်မင်းပိုင် အော်ဟစ်ပြစ်ကာ မဖိတ်ခေါ်ပါပဲမျက်ရည်များကျလာသည်။ လူကြီးတွေရဲ့ခံစားချက်တွေကြား ကျွန်တော်က ဘာလို့မြေစာပင်လဲ။ မချစ်ဘူးလို့ရူးခဲ့ရသည်။ အချစ်ဦးမို့ ရူးခဲ့ရသည်။ ဒီလိုရူးသွပ်အောင်ပဲဦးကအကြိမ်ကြိမ်ပြု့စားခဲ့တာမဟုတ်လား။
ရင်ထဲမှာလေဟာနယ်တစ်ခုလိုလွှင့်ပါနေသည်။ ရင်တွေတစ်လှပ်လှပ်ဖြစ်လာကာ လူကအသက်ရူမ၀သလိုခံစားလာရသဖြင့် ထထိုင်မိလိုက်သည်။
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)
Romanceအေးတယ်၊ငြိမ်းတယ်၊မွှေးတယ် အရာရာပြည်စုံနေတဲ့ ဦးက ကျွန်တော်အတွက်သိပ်ချိုတယ်။ ဦးသြဇာရှိန်+ဆုလာဘ်မင်းပိုင်