Ch(5)🍀

7.9K 329 16
                                    

သြဇာ ထိုကောင်လေးကို ကားပေါ်ကပွေ့ချကာ အိမ်ပေါ် ကိုလဲ ကိုယ်ပဲပွေ့ခေါ်လာရသည်။ လက်ကဖိနပ်တွေကိုဖယ်ပေးတော့ ငြိမ်ငြိမ်မနေ အော်နေသေးတာမို့ ကိုယ်မှာ ပါးစပ်ကိုလှမ်းပိတ်ရသေးသည်။

"ဟူး..."

မျက်မှန်ကိုပင့်လိုက်ကာ သြဇာ သက်ပြင်းချလိုက်သည်။ ဂျင်းဘောင်းဘီကို ချွတ်ပေးရမလား ဒီတိုင်းသိပ်လိုက်ရမလား လူက ဝေ ခွဲမရ။ အင်္ကျီကိုတော့ ချွတ်ပေးပြီးပြီ။ ဘောင်းဘီကျ ချွတ်ရမှာ မ၀ံ့မရဲ။ မထူးပါဘူးကွာ သူလဲယောကျ်ား ကိုယ်လဲယောကျာ်း စိတ်ကို ဒုန်းဒုန်းချလိုက်ကာ

"ကိုယ် မင်းကိုမကြည့်ဘူးနော် "

ပါးစပ်ကနေတိုးတိုးလေးရေရွတ်ပြီး ပိုင်လေး ရဲ့ဘောင်းဘီကိုဆွဲချွတ်လိုက်သည်။

"ဟက်!!"

မျက်မှန်ကိုပင့်ကာ တစ်ဖက်လှည့်၍ သြဇာ ချစ်စနိုးဖြင့်ပြုံးလိုက်မိသည်။

"မင်းဟာကသေးသေးလေးပဲ... "

ပြောပြီးမှ ကိုယ်ဟာကိုရှက်သွားကာဘီရိုထဲမှာ ဘောင်းဘီတို တစ်ထည် သူ ယူ၀တ်ပေးလိုက်သည်။စောင်ကိုသေချာခြုံပေးပြီး ကိုယ့်အခန်းကိုပြန်ရန်ပြင်လိုက်သည်။

"သဘောကျတယ် .."

တိုးညှင်းစွာထွက်လာတဲ့အသံလေး။ သြဇာ ခေါင်းကိုစောင်းငဲ့ကာကြည့်လိုက်တော့ မျက်လုံးတွေမှိတ်ထားရင် ပြုံးနေ တဲ့မျက်နှာနှနှ။ ဒီကလေး အိမ်မက်ယောင်နေတာလား ။

"ဦး...ကိုကျွန်တော်အများကြီးသဘောကျတယ် "

သြဇာ တစ်ကိုယ်လုံး ဆတ်ကနဲတုန်သွားသည်။ ပိုင်လေး ဘာပြောလိုက်တာလဲ ။ ဘယ်သူကို ရည်ညွှန်းလိုက်တာလဲ ။ ကိုယ်လား ဟင်အင့် မဖြစ်နိုင်ပါ။ ကိုယ်နဲ့မှမဆိုင်တာ အခန်းထဲကမြန်မြန်ထွက်ရန်ပြင်လိုက်သည်။

"ဘုတ်!!"

ကောင်လေး မှောက်ခုံအိပ်လိုက်တာမို့ ခေါင်းအုံးနေရာရွေ့သွားကာ ခေါင်းအုံးအောက်က စာအုပ်လေးတစ်အုပ်ထွက်ကျလာသည်။ အမဲရောင်အဖုံးနဲ့စာအုပ်လေးက ဒီကလေးရဲ့ ဒိုင်ယာရီ စာအုပ်လေးဖြစ်မယ်ထင်။

ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)Where stories live. Discover now