"နေမကောင်ဘူးလား ...ဦး "
မျက်နှာမကောင်းပဲဆိုဖာပေါ်လှဲအိပ်နေသော ဦး ဘေးသို့၀င်ထိုင်ကာသူမေးလိုက်သည်။
"အင်း...ကိုယ်ခေါင်းနည်းနည်းမူးနေ
လို့ ""သွေးတိုးတာလား... "
သူ ဦး ရဲ့နားထင်လေးတွေကိုဖိနိုပ်ပေးရင်းမေးတော့ ဦးရဲ့ပြုံး၍ခေါင်းခါပြလာသည်။
စုကျုံထားတဲ့ မျက်ခုံးတွေက ဦးနေရခက်နေတာကိုပိုသိသာစေသည်။"ဒီနေ့ ကျွန်တော်အလုပ်မသွားတော့ဘူး။ ခွင့်ယူလိုက်မယ် "
"ကိုယ်အဆင်ပြေပါတယ် ၊ အလုပ်ပဲသွားပါ ၀င်တာတစ်လမကြာသေးဘူးခွင့်ယူလို့ပြောခံနေရမယ် ကောင်လေး"
"ပြောပြောဗျာ ...ဦး ကိုဒီပုံအတိုင်းတစ်ယောက်ထဲတော့မထားခဲ့နိုင်
ဘူး ""သွားလိုက်ပါ ကိုယ်အကုန်လုံးအဆင်သင့်လုပ်ပေးထားပြီပြီ "
"ကျစ်!!မနက်တိုင်းအဲ့လိုတွေထလုပ်လို့ဖြစ်တာ။ နေ့လည်စာချိုင့်မပါတော့ရောဘာဖြစ်မှာမို့လို့လဲ ယောကျ်ားပဲ ညစာမှပေါင်းစားမှာပေါ့၊ ဦးက အလုပ်လဲသွားရတယ် အိမ်အလုပ်တွေလဲဒိုင်ခံလုပ်ရတယ် ။ဒီကောင် ဘယ်စိတ်ကောင်းပါတော့မလဲ "
ကျောလွတ်အိတ်ကိုခုံပေါ်တင်ရင်းပွစိပွစိပြောနေသော ကောင်လေးရဲ့ အသံကိုသူကြားပေ့မယ့် သြဇာ ပြန်မတုန့်ပြန်မိ။ လူကမနက်ထဲကခေါင်းနှောက်ကာ တစ်ရိပ်ရိပ်ဖြစ်နေသည်။ ကောင်လေးအတွက်မို့သာ ချိုင့်ရအောင်ပြင်နေပေ့မယ့် လူကဘယ်လိုမှမဟန်။
ကောင်လေး ဘေးကထထွက်သွားတာလဲသိသည်။ အာကာကို ခွင့်တ်ိုင်ပေးဖို့မှာနေတာလဲ သူအကုန်ကြားသည်။ လူကခေါင်းမထောင်ချင်တာမို့ မျက်လုံးကိုသာ ဖိပိတ်ထားမိသည်။
"ဦး..."
"အင်း...."
သူမျက်လုံးမဖွင့်ခပ်တိုးတိုးသာထူးလိုက်သည်။
"ဘာစားပြီပြီလဲ "
"ဟင်အင့် "
"သံပုရာရည်သောက်မလား ကျွန်တော်သွားဖျော်လိုက်မယ် "
သူခေါင်းညိတ်ပြတော့ သူ့နဖူးကို နမ်းကာ ကောင်လေးက ထထွက်သွားသည်။ သြဇာ ကောင်လေးရှိထဲကစိတ်ငြိမ်ဆေးတွေလဲမသောက်ရတော့သလို ဆရာ၀န်ညွှန်းထားသည့် ဆေးတွေကိုလဲ ပုံမှန်မမှီ၀ဲတာကြာခဲ့ပြီ။ ဘယ်လောက်သန်မာတယ်ပြောပြော အသက်အရွယ်က စကားပြောလာခဲ့ပြီ။
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)
Romanceအေးတယ်၊ငြိမ်းတယ်၊မွှေးတယ် အရာရာပြည်စုံနေတဲ့ ဦးက ကျွန်တော်အတွက်သိပ်ချိုတယ်။ ဦးသြဇာရှိန်+ဆုလာဘ်မင်းပိုင်