အပိုင်း(30)🍀

7.1K 336 62
                                    


လူမစည်တဲ့နာရေးအိမ် ။ ရဲမူ့ရဲခင်းမို့ ပတ်၀န်းကျင်ကလူတွေသိပ်မလာကြပါ။ လက်ချိုးရည်လို့တဲ့ လူငယ်တစ်ချို့နဲ့ ဖဲဆော့နေတဲ့ အန်တီနှစ်ယောက်သာရှိသည်။ ဖြိုးကိုရဲ့ မိဘတွေကိုအကြောင်းကြားထား၍ လာနေပြီဟုတော့သိရ၏။

ဖြိုးကို ဓာတ်ပုံဘေး ပိုင်လေး ထိုင်နေရင်း ဖြိုးကိုရဲ့ ရယ်မောနေတဲ့မျက်နှာကိုခပ်ဖွဖွတို့ထိနေမိသည်။ ဓာတ်ပုံထဲမှာအပြစ်ကင်းစွာရယ်နေတဲ့ သူ့ချစ်ရတဲ့ သူ့သူငယ်ချင်း။

"မင်းငါ့ကိုလာပြော အခုလာပြောဟျောင့် ! ဘာလို့အခုလိုလုပ်လိုက်ရတာလဲ ငါတစ်ယောက်လုံး မင်းအတွက်အမြဲရှိနေပေးမှာသိသိကြီးနဲ့
ဘာအကြောင်းတွေရှိလို့ အခုလိုလုပ်ရတာလဲ!"

ပိုင်လေး ဓာတ်ပုံကိုစိုက်ကြည့်ရင်း ခပ်ဆိတ်ဆိတ်ပြောနေမိသည်။ ရင်ထဲမှာ ဘယ်လိုမှလက်မခံနိုင်တဲ့အနေထားတစ်ခု။ သူစိတ်ကိုသူထိန်းမရလို့ ဦး ကရင်ခွဲရုံသို့ အလိုက်မခံ။ ရင်ခွဲထားတဲ့ ဖြိုးကို ကိုမြင်ရင် သူခံနိုင်ရည်လုံး၀ရှိမည်မထင်။

"ဆုလာဘ်မင်းပိုင်.... "

ခပ်ရှရှ ထွက်လာတဲ့ ဦးရဲ့အသံက ကြေကွဲမူ့အပြည့်ပါနေတာသိသာသည်။ မျက်နှာက လဲပျက်ယွင်းနေတာမို့ ပိုင်လေး ဒိုင်းကနဲ  ထရပ်လိုက်သည်။

"ဘာဖြစ်လိုလဲ ဦး... ဖြိုးကိုဘာဖြစ်လို့လဲ သူမသေဘူးလား !! သူပြန်နိုးလာလို့လား !"

သူ့တရစပ်ပြောနေတဲ့စကားတွေကို ဦး ကပြောခွင့်မပေး ရင်ခွင်ထဲကို အတင်းဆွဲထည့် ကာ ခေါင်းကို လက်နဲ့ဖိပွတ်ရင်း သူ့ဆံပင်တွေကို ထပ်ခါထပ်ခါ နမ်းရိူက်လာသည်။

"ဦး...အဲ့လိုမလုပ်နဲ့ကွာ ပြော ကျွန်တော်ကို ပြော ဖြိုးကို ဘာဖြစ်လို့လဲ "

"ကလေး .."

သြဇာ ပြောမထွက်ခဲ့ ။ ဆေးရုံမှပါလာတဲ့ ဆေးမှတ်တမ်းတစ်ချို့ကို ဆုပ်ကိုင်ထားရင်း သြဇာ ပိုင်လေး ကိုထိုင်စေလိုက်သည်။

"စိတ်ကိုအေးအေးထား ကိုယ်မင်းကိုယုံတယ် "

ပိုင်လေး လက်ထဲရောက်လာတဲ့ဆေးစာရွက်တစ်ချို့။ တုန်ယင်စွာ ဖတ်ကြည့်တော့ ဖြိုးကိုက မဖြစ်နိုင်တာကြီးကို ။

ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)Where stories live. Discover now