Ch(16)🍀

7.2K 294 15
                                    

"ထိုင်ပါခင်မျ ဦးသြဇာရှိန် နော် "

"ဟုတ်ကဲ့ "

ရုံးခန်းဒေါင့်ခုံမှာထိုင်နေတဲ့ကောင်လေးကိုတစ်ချက်လှမ်းကြည့်ပြီး ဥက္ကဌ ညွှန်တဲ့ခုံမှာသူ၀င်ထိုင်လိုက်သည်။ စိတ်ကရှေ့မှာအာရုံထားလိုက်ပေ့မယ့်သူ့ကိုအားကိုးတစ်ကြီး ကြည့်လာတဲ့ကောင်လေးမျက်၀န်းတွေကသူအာရုံမှာကပ်ငြိပါလာခဲ့သည်။

တစ်ဖက်နစ်နာသူဘက်ကမိသားစုလဲရောက်နေပြီဖြစ်ရာ သြဇာ တစ်ချက်လှမ်းကြည့်တော့ အမေဖြစ်ဟန်တူသည့်အဘွားကြီးက မျက်နှာကိုတင်းမာထားသည်။ ဘေးကကောင်လေးရဲ့မျက်နှာကတော့ဖူးယောင်နေ၏။

"ဘယ်ကနေဘယ်လိုစပြီး "

သြဇာဘက်ကတည်ငြိမ်စွာစကားစလိုက်ပေ့မယ့်

"အို...ဘယ်လိုပဲဖြစ်ဖြစ် လုံး၀မကျေနပ်နိုင်ဘူး "

သြဇာရှိန် မျက်ခုံးတို့ကိုပင့်လိုက်မိသည်။ ဘယ်သူကဘာမှတောင်မသိရသေး ဘယ်သူကမှားလို့ဘယ်သူမှန်တယ်မသိသေးပဲ သူကဘာကိုမကျေနပ်နေရတာလဲ။

"အဟမ်း !ဒါကဒီလိုရှိပါတယ်"

ဥက္ကဌ ကြီးရှင်းပြတာကို သြဇာ ဂရုတစ်စိုက်နားထောင်လိုက်ပြီး ကောင်လေးနဲ့အာကာကို တစ်ချက်လှမ်းကြည့်လိုက်သည်။

"မင်းအရင်စလုပ်တာဟုတ်လား အာကာ !"

"သူဘောလုံးနဲ့မျက်နှာကိုအရင်စကန်တာ "

တစ်ဖက်ကောင်လေးရဲ့သူငယ်ချင်းတွေကထပြောတော့ သြဇာ စိုက်ကြည့်ပေးလိုက်သည်။

"ကိုယ်မင်းတို့ကိုမမေးသေးဘူး "

တည်ငြိမ်တဲ့အသံအနေထား သပ်ရပ်သန့်ရှင်းတဲ့၀တ်ပုံစားပုံခန့်ညားတဲ့ရုပ်ရည်​တွေက ဦးကိုမြင်လိုက်တာနဲ့ ရှိန်စေတဲ့အနေထားကို အစွမ်းကုန်ပံ့ပိုးပေးထားသည်။ သြဇာညောင်းတဲ့အသံကြောင့်တစ်ဖက်ကောင်လေးတွေပါးစပ်ပိတ်သွားသလို ဥက္ကဌ ကြီးကလဲဘာမှ၀င်မပြော။

"ဆုလာဒ်မင်းပိုင်!"

ဦးအသံကြောင့်ဆုလာဒ်မင်းပိုင် ကိုယ်လေးဆက်ခနဲတုန်သွားသည်။

"သူတို့က ကိုကြီး ကိုရိသဲ့သဲ့တွေကပ်ပြီးပြောပါတယ် ။ ပြီးတော့ ကိုကြီး ကိုကြီး "

ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)Where stories live. Discover now