Ch(11)🍀

6.7K 276 12
                                    


  "ဆုလာဒ်မင်းပိုင် !"

"ဟင်အင့် "

"မင်း အခုချက်ချင်းထစမ်း!"

"မထဘူး ထရင် ဦးကသွားခိုင်းမှာ"

"မင်းကိုငါပြောနေတယ်နော်  "

ကြမ်းပြင်ပေါ်ထိုင်ချပြီး ခေါင်းကို တွင်တွင်ခါကာ သူကိုပေကပ်ကပ်လုပ်နေတဲ့ ကောင်လေး ကိုကြည့်ပြီး ဦးသြဇာ အကြီးကျယ်စိတ်ပျက်နေမိသည်။ အဆောင်လိုက်ရှာပေးထားပြီမို့ ပြောင်းနေရန် သူလာခေါ်ခြင်းဖြစ်သည်။ ပြောလို့ကလဲမရ။ မျိုးသန့်ဘယ်လိုထိန်းကျောင်းခဲ့သည်မသိခေါင်းမာချက်ကလွန်လွန်းသည်။

"မင်းငါနဲ့နေလို့မရဘူး ဆုလာဒ်မင်းပိုင် "

"ဟင်အင့် ဦးနဲ့ပဲနေမှာ "

"မင်းကိုငါမောင်းထုတ်နေတာနော် မင်းမှာအရှက်နဲနဲမှမရှိဘူးလား "

"ဟင်အင့် မရှိဘူး"

ဦးသြဇာ မျက်နှာကိုလက်နဲ့ပွတ်သပ်လိုက်ပြီး တစ်ဖက်သို့လှည့်လိုက်သည်။ ဒီကောင်လေးကို ထပ်ကြည့်နေရင် သူလက်ခံလိုက်မိမှာစိုးသည်။ စူပုတ်နေတဲ့ မျက်နှာလေးက ဒဏ်ရာရဲ့အဖျားရှိန်ကြောင့် ဖြူဖျော့နေသည်။

"ငါအကုန်စီစဥ်ခဲ့ပြီပြီ မင်းငါ့ကိုခေါင်းလာမမာနဲ့ !"

"ဦးက ကျွန်တော့်ကို အဲ့လောက်တောင် မုန်းနေတာလား"

သြဇာ ရှိန် ကောင်လေပြောစကားကြောင့် ဆတ်ကနဲတုန်သွားကာ ချက်ချင်းလှည့်ကြည့်လာသည်။

"အဲ့လိုမဟုတ်ဘူး "

"ဒါဆိုမမြင်ချင်လို့လား "

အောက်နူတ်ခမ်းကို ဖိကိုက်ထားသူကြောင့်

"ကျစ်!"

သူဘယ်လိုဖြေရမယ်မသိ။ အတူနေဖို့ဆိုတာဘယ်လိုမှမဖြစ်သင့်တဲ့ကိစ္စကြီးတစ်ခု။ ကိုယ်ဘက်ကရိုးသားရင်တောင် တစ်ဖက်ကကိုယ်အပေါ်မှာ မရိုးသားသူ ။ ပြစ်ပြစ်ခါခါ လုပ်လိုက်ရအောင်လဲ ဟိုကောင်က သူ့သားကို သေချာအပ်ထားသည်။ စိတ်တွေရူပ်လိုက်တာကွာ ။

"အထုတ်သွားယူ ကိုယ်အလုပ်ရှိသေးတယ် "

ပိုင်လေး ဦးခြေထောက်ကို ကလေးတစ်ယောက်လို ဖက်လိုက်ကာ

ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)Where stories live. Discover now