"ခွပ်!!ခွပ် ခွပ်! လူမဆန်တဲ့ခွေးလိုကောင်"
ပိုင်လေး ကျူးရင့်ရှိရာသို့ ခုန်ကျော်ကာ ဆင့်ထိုးတော့သည်။
"ဟဲ့ဟဲ့!!လုပ်ကြပါအုံး အမလေးငါ့သားလေး "
"ဖြောင်း!!"
ကျူးရင့်နောင်မျက်နှာတစ်ဖန်ပြန်လည်ထွက်သွားပြန်သည်။ စျေးထဲမှာမို့ လူတွေရုတ်ရုတ်သဲသဲ၀ိုင်းကြည့်ကုန်ကြသည်။
အမှားလုပ်ထားမှန်းသူကိုယ်သူတော့သိမည်ထင် တစ်ချက်လေးမျှ ပြန်၍မခုခံပေ။ သူ့အမေဆိုင်ရှိရာ စျေးကိုပိုင်လေးတမင်ရွေးကာလိုက်သွားတာဖြစ်သည်။ လူများမှ ထိုကောင်အရှက်ကိုခွဲလို့ရမည်ဖြစ်၏။
သြဇာ ကောင်လေးလုပ်သမျှကိုလက်ပိုက်ကာ ရပ်ကြည့်နေလိုက်သည်။ တစ်ချက်ကလေးတောင်၀င်မဆွဲ။ ထိုကလေးက ဒီထက်ပိုခံရသင့်တာ။ ဒီချိန်မှာ ခံခဲ့ရတဲ့သူအတွက်ပြန်ပေးဆပ်ခိုင်းဖို့ အကုန်သူတို့အဆင့်သင့်ပြင်ဆင်ပြီးပြီဖြစ်သည်။
"မင်းက ဘာကောင်မို့လို့ ငါ့သားကိုထိုးတာလဲဟမ်!!"
ပိုင်လေး အင်္ကျီကို ဆောင့်ဆွဲလာတဲ့ ကျူးရင့် မေမေကြောင့် ပိုင်လေး လှည့်ကာအငိုမျက်လုံးဖြင့်အံကြိတ်ပြုံးလိုက်သည်။ ကြောက်စရာကောင်းလွန်းလှတဲ့အပြုံးအောက် အဘွားကြီး နောက်သို့ ခြေနှစ်လှမ်းမျှဆုတ်သွားသည်။
"ပြောမယ် !!ပြောချင်လွန်းလို့လာခဲ့တာ "
ကျူးရင့် ရဲ့ဆံပင်တွေကိုလဲ ပိုင်လေး လက်နဲ့ဆုတ်ကိုင်ထားသည်။ ဖင်ထိုင်လျက်သား လှဲကျနေသူကထလဲမထသလိုရူန်းလဲမရူန်း ။ သူအပြစ်ကို သူကောင်းကောင်းသိသည်။
"ခင်များသား !"
ပိုင်လေးအံကိုကြိတ်ကာ လူအများကိုမျက်လုံးတစ်ချက်ဝေ့ကြည့်လိုက်ပြီး မထီသလို ရယ်လိုက်ပြန်သည်။ ရင်ထဲမှာနာလွန်းလို့ ဒီကောင်ကိုအရှက်ခွဲဖို့နဲ့အသေသတ်ဖို့သာစိတ်ကရောက်နေသည်။
"ခင်များသားက ကျုပ်သူငယ်ချင်းကို လူမဆန်စွာ အကြိမ်ကြိမ်ရိုက်နှက်ပြီးအဓမ္မပြု့ကျင့်ခဲ့တာဗျ !.."
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)
Romanceအေးတယ်၊ငြိမ်းတယ်၊မွှေးတယ် အရာရာပြည်စုံနေတဲ့ ဦးက ကျွန်တော်အတွက်သိပ်ချိုတယ်။ ဦးသြဇာရှိန်+ဆုလာဘ်မင်းပိုင်