"ဟား ဟားဟား ! ပိုင်လေး ရာ အချစ်အတွက်ပြန်ရလိုက်တာ ပတ်တီးကြီးလား ""မစနဲ့ကွာငါအတည်စိတ်ညစ်နေတာ "
ဖြိုးကိုကိုဦး သူငယ်ချင်းဖြစ်သူကို စလိုက်ပေ့မယ့် စိတ်ထဲတော့မကောင်းဖြစ်သွားသည် ။ နဖူးကပတ်တီးလေးကပ်ထားတဲ့ရုပ်လေးက လင်ပူမိလို့လဒမှိုင်နေတဲ့မျက်နှာလေးမို့သူ အလစ်တဲလေး သနားသွားမိသည်။
"ဒါဆို ဦးသြဇာက မင်းကိုခါးခါးသီးပေါ့ "
"ကျစ်!!မသိတော့ပါဘူးကွာ အခုဆိုအတွေ့ကိုမခံတော့တာ ငါမြင်ရင်ကိုရှောင်ထွက်သွားတာ "
"မင်းလက်လျှော့လိုက်တော့မလို့လား "
"ရူးလိုက်တာ ငါကဘာဖြစ်လို့လက်လျှော့ရမှာလဲ နိုးပါ"
ရယ်ကျဲကျဲနဲ့ပြောလာသူကြောင့် ဖြိုးကို မရယ်ရက် ။ သူခံစားနေရမှာ ဖြိုးကိုသိသည်။ပထမဆုံးအချစ်ကိုရူးသွပ်သူတွေအဖို့ ထိလွယ်ရှလွယ်ရူးသွပ်လွယ်သည်။ ပိုင်လေးကိုကြည့်၍ ကိုယ်မှာရယ်ရခက်ငိုရခက် ဘာမှလဲကူမပေးနိုင်။
ဖြူဖြူနုနု သူ့သူငယ်ချင်းလေးက အချစ်အတွက်ဘယ်ကသတ္တိတွေရှိနေသည်မသိ။ မှေးစင်းနေတဲ့မျက်လုံးတွေက မအိပ်ထားရသေးမှန်းသိသာနေသည်။
ဆံပင်တွေကမသေသပ်စွာ ရူပ်ပွနေရင်း သူဆီရောက်လာပုံထောက်ရင် ဒီကောင် ရေမချိုးတာပင်ကြာနေလောက်ပြီ ။ ခုလောက်ထိခံစားပြနေတာတွေကသူတို့အတွက် တန်ရဲ့လား ။
"မင်းဘာဆက်လုပ်မှာလဲ "
"ငါ ဦးကိုရအောင်ယူမယ်ကွာ "
ဖြိုးကိုခေါင်းကိုငြိမ့်လိုက်ရင်း
"မင်းကမင်းလုပ်ချင်တာကိုရအောင်လုပ်တတ်တဲ့သူမျိုးဆိုတာငါသိပါတယ် ။ ငါသာဘာလုပ်ရမယ်မသိပဲ လမ်းပြောက်နေတယ် "
"ကျူးရင့် နဲ့အဆင်မပြေဘူးလား"
"အင်း ...အချစ်ကသွားမစမိရင်ကောင်းတယ် စလိုက်မိတာနဲ့အဆုံးသတ်မရတဲ့မီးလိုပဲ တစ်ငွေ့ငွေ့လောင်နေတော့တာ"
ပိုင်လေး ပြုံးလိုက်ရင်း နဖူးကိုပွတ်သပ်နေမိသည်။ ဦးရဲ့တည်ကြည်တဲ့ပုံစံတွေကို သူတစ်ယောက်ထဲအပိုင်ကြည့်ချင်တယ်။ ဦး စိတ်ဆိုးရင် တွန့်ချိုးသွားတဲ့ မျက်ခုံးတွေကိုဟသူလက်ညိုးလေးနဲ့ဖြေလျှော့ကြည့်ချင်တယ်။ ဖြိုးကို ပြောတာမှန်လောက်တယ် ။ အချစ်ကို သွားမစမိခဲ့ရင်ကောင်းမှာ အခုတော့ကိုယ်မှာ တစ်ငွေ့ငွေ့နဲ့ အရူးမီး၀ိုင်း ။
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)
عاطفيةအေးတယ်၊ငြိမ်းတယ်၊မွှေးတယ် အရာရာပြည်စုံနေတဲ့ ဦးက ကျွန်တော်အတွက်သိပ်ချိုတယ်။ ဦးသြဇာရှိန်+ဆုလာဘ်မင်းပိုင်