ပိုင်လေး ဦးကိုစိတ်ဆိုးစွာတစ်ဖက်လှည့်အိပ်နေမိသည်။ လူကိုထင်တိုင်းလုပ်တယ်။ ရပ်ပေးဖို့တောင်းဆိုနေတာကိုတောင် ရပ်မပေး ။
အခုတော့လူကလက်ချောင်းလေးတွေကိုပင်မြောက်ချင်စိတ်မရှိတော့ပေ။သူသွားမစခဲ့သင့် အခုတော့ဦးရဲ့အဆုံးမရှိတဲ့ကြင်နာမူတွေကြောင့် လူကနာကျင်နေရပြီ။
"ကောင်လေး .."
ဦးခေါ်သံသူကြားသည်။ ပိုင်လေးမထူး ငြိမ်၍သာနေသည်။
"ဆုလာဘ်မင်းပိုင် .....ထတော့"
ဘာမှမဖြစ်တဲ့သူကသူ့ကိုတိုးညှင်းအေးချမ်းစွာနဲ့ခေါ်နေနိုင်ပေ့မယ့်သူမထူးချင်။ သူနားထဲချိုလှပေ့မယ့် စိတ်ဆိုးချင်သေးသည်။ ဒီလူကြီးကိုလုံး၀မခေါ်ဘူး ။
"ကလေးလေးက ..ကိုယ်ကိုစိတ်ဆိုးနေတာလား"
ဦးကရယ်သံစွက်၍ပြောတော့ ပိုင်လေးရင်ထဲအနေရခက်စွာ အောက်နူတ်ခမ်းကိုက်ထားမိသည်။ သူလုပ်နိုင်တာဒါပဲရှိတော့သည်လေ လူကမှဘယ်လိုမှမထနိုင်တော့တာ။
"ပြပါအုံး စိတ်ဆိုးနေတဲ့ ကိုယ်ရဲ့ လုံးလုံးလေးကို "
ဦးက ကုတင်ပေါ်တတ်လာကာ သူ့ခါးလေးကိုပွေ့ချီရင်း သူကိုစသည်။
"မထိနဲ့သွားဗျာ ..."
"ဟောဗျာ ..ဒီလူကြီးဘယ်သွားရမတုန်း ဒါကိုယ်အိမ်လေ "
"သိတယ် သိတယ် အဲ့ဒါနဲ့ပဲလူကိုနိုင်စားနေတာ "
"ဟားဟားဟား..."
ဦးကရယ်သည်။ သူ့ကိုပွေ့ဖက်ပစ်ဖို့လဲမမေ့။ သူလက်မောင်းတွေကိုနမ်းရိူက်ကာ ဆံပင်တွေကိုသပ်ပေးသည်။ ဦးရဲ့ချိုမြိန်တဲ့ကြင်နာမူ့တွေကြားဒီကောင်မှာ အလူးအလဲ။အပေါ်ဗလာနဲ့ ဦးက လေးဆယ်ပြည့်တော့မယ်ယောယျာ်းလို့မထင်ရအောင် ကို ပြေပြစ်တောင့်တင်းလွန်းလှသည်။
ညကသူ့စိတ်ကိုထင်တိုင်းလွှတ်ပေးလိုက်မိ၍ ကောင်လေးခင်မျာသနားစရာ။ သူလဲသူကိုယ်သူထိန်းပါတယ် အရင်ကဒီလိုစိတ်မျိုးတွေမရှိ။ ဒီကောင်လေးနဲ့ ထိ့တွေ့လိုက်မိရင်ကိုလူက ရပ်တန့်ပြစ်ဖို့မေ့နေတတ်သည်။
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)
Romansအေးတယ်၊ငြိမ်းတယ်၊မွှေးတယ် အရာရာပြည်စုံနေတဲ့ ဦးက ကျွန်တော်အတွက်သိပ်ချိုတယ်။ ဦးသြဇာရှိန်+ဆုလာဘ်မင်းပိုင်