Ch(2)🍀

11.5K 415 41
                                    


ဆုလာဒ်မင်းပိုင် အိမ်ပေါ်ပြေးတက်လာခဲ့ပြီး မွေ့ယာပေါ်ပက်လက်လှန်ကာလှဲချပစ်လိုက်သည်။

"အားယား ...မားမားရေ "

ခြေထောက်တွေကိုမိုးပေါ်ထောင်ကာ လှုပ်ရမ်းရင်း ခေါင်းအုံးကိုထုရိုက် ပြစ်ကာ ဆုလာဒ်မင်းပိုင် အော်ဟစ်လိုက်မိသည်။

ခုန်နေသေးတဲ့ရင်ကိုလက်ဝါးနဲ့ပွတ်ရင်း နူတ်ခမ်းတစ်ဖက်ကိုကိုက်လိုက်ကာ ပြုံးနေ မိသည်မှာအကြိမ်ကြိမ်။ ဒါသူ့အတွက် ပထမဆုံး ရင်ခုန်ဖူးခြင်း ။

"အာ...ဘယ်လိုခံစားချက်ကြီးလဲ "

ချိုပြီးအေးချမ်းတဲ့ဦးရဲ့အပြုံးလေးတွေ ၊လေးနက်တည်ကြည်တဲ့ဦးရဲ့အကြည့်တွေ ဟာ ပြန်တွေးလိုက်ရုံနဲ့သူရင်ကိုဆောင့်ဆောင့်ပြီးအခုန်မြန်နေစေသည်။

*ငါတစ်ကယ်ကြီး ရူးသွားပြီလား *

ဆုလာဒ်မင်းပိုင် ကိုယ်ပေါင်ကြားကိုအလန့်တစ်ကြားလှမ်းစမ်းလိုက်ပြီး

"အာ...ငါမှာလဲရှိတာပဲ ဒါဆိုငါတစ်ကယ်ကြီးကွေး သွားတာလား "

တစ်ယောက်ထဲ မွေ့ယာပေါ်လှိမ့်ရင် အကြိမ်ကြိမ် တွေးရင် စမ်းစစ်ကြည့်နေမိသည်။ နောက်ဆုံးထွက်လာတဲ့အဖြေကတစ်ခုထဲ ။

"ငါဦးကိုစောက်ရမ်းသဘောကျနေပြီ"

ပိုင်လေး ဖုန်းကို အမြန်ထုတ်လိုက်ကာ ဟိုရေတွင်းပျက်ဆီကိုချက်ချင်းလှမ်းခေါ်လိုက်သည်။

(အေး... ပြော ပိုင်လေး)

"ဖြိုးကို.. ဖြိုးကို ဟျောင့် "

ပိုင်လေး အသံတွေပင်တုန်ယင်နေတာမို့ ဖြိုးကို တွေးစစလေးဖြစ်သွားသည်။

(အေး မင်းပထွေးငါမသေသေးဘူးနားထောင်နေတယ် ပြော)

"ငါ...ငါ "

(ဘာဖြစ်လဲ အကြွေးတွေမဆပ်နိုင်တော့လို့လား )

"ငလိုးမသားရယ်ဆုံးအောင်နားထောင်ပေးပါအုံးလို့ "

(မသိဘူးလေ အရင်ကစကားကိုပြောချင်လွန်းလို့ လုယက်နေတဲ့ကောင်က ငါတွေနင်တွေနဲမို့)

ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)Where stories live. Discover now