အပိုင်း(20)🍀

7.6K 289 15
                                    


"ကောင်လေး ထတော့လေ ဒီနေ့အလုပ်သွားရမယ့်နေ့မဟုတ်လား "

'ဟာ...ဟုတ်သားပဲ '

ဆုလာဒ်ပိုင်လေး အိပ်ယာပေါ်ကနေ ၀ုန်းကနဲထထိုင်လိုက်သည်။ ရုပ်တည်ကြီးနဲ့ခါးထောက်ကြည့်နေသော ဦးကြောင့် ဟီးကနဲ ရယ်ပြလိုက်ပြီး ရေချိုးခန်းထဲ ပြေးရတော့သည်။

ဒီနေ့သူပထမဆုံး အလုပ်သွားရမယ့်နေ့ ။ ရင်တွေလဲခုန်နေသဖြင့်လူကအကုန်လွှဲလွှဲချော်ချော် ။

'သေရော ရေကမကျတော့ဘူးဟ!'

"ဦးရေ....ရေမကျတော့ဘူး !"

"မင်း မနေ့ညက ရေတင်လား "

"ဟင်အင့် "

ကောင်းကျရော ။ လုပ်နေကျအလုပ်ကိုဒီကောင်လေး မေ့ဖြစ်အောင်မေ့သည်။ ရေကအချိန်နဲ့အချိန်တင်ရတာကို သိရဲ့သားနဲ့ အဲ့လိုပေါ့ဆတာသူ လုံး၀မကြိုက်။

"ရှိတာနဲ့ချိုးပြီးထွက်ခဲ့လိုက် "

ဦး ဒေါသသံနဲ့အော်တော့ ပိုင်လေး မျက်နှာကိုရူံ့လိုက်မိသည်။

"မရဘူးဆပ်ပြာတွေနဲ့ ဦးရဲ့ "

"ဒီကလေးကွာ "

သြဇာ ရေချိုးခန်းတံခါးကို ဆွဲဖွင့်လိုက်တော့ ဖင်တုံးလုံးလေးနဲ့ကောင်လေး ။လူကဒေါသထွက်နေတဲ့ကြားက ရယ်ရခက်ငိုရခက်တစ်ကယ့်ကိုရိုက်ချင်စရာလေး ။

"မီးတွေဒီလောက်ပျက်နေတာ ရေကိုဂရုစိုက်ပြီးတင်ရမယ် ဆိုတာမသိဘူးလား"

"နောက်မှဆူပါ ဦးရယ် ဒီမှာမျက်လုံးတွေစပ်နေပြီ "

မျက်နှာကို သဘက်နဲ့သုတ်ပေးလိုက်ပြီး ခါးကိုသဘက်တစ်ထည်ပတ်ပေးလိုက်သည်။အိမ်နောက်ဖေးကရေစင်ကနေ ရေခပ်ကာ အပေါ်ကလောင်းပေးတော့ ကောင်လေးက အော်သည်။

"အား!!ဦးရေ အေးတယ်ဟ "

သြဇာ ရယ်လိုက်ပြီး ခပ်မြန်မြန်ချိုးပေးလိုက်သည်။ ခေါင်းတွေကိုသေချာပြောင်အောင်သုတ်ပေးပြီး အင်္ကျီ၀တ်ဖို့ ထုတ်ပေးလိုက်သည်။

အ၀တ်အစားကအစ သေချာဂရုစိုက်လုပ်ပေးနေသောဦးကြောင့် သူအများကြီးကျေနပ်စွာကြည်နူးနေမိသည်။

ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)Where stories live. Discover now