အပိုင်း(18)🍀

7.5K 283 37
                                    


"ဦး .."

"အင်း.."

ဦးက အင်္ကျီလက်ကို ခေါက်တင်ရင်းသူ့ကိုထူးသည်။

"ကျွန်တော်ပြောစရာရှိလို့ "

ဦး သူ့ကိုတစ်ချက်လှမ်းကြည့်သည်။ ဘီရိုကိုဖြည်းညှင်းစွာပိတ်၍ သူဘေးတွင် ဦးကလာထိုင်သည်။ ဦးကဘာလုပ်လုပ်စည်းစနစ်ကျသည်။ သပ်ရပ်သည်။

ဘယ်နေရာမှအပိုအလိုမရှိ။ ဦးက ပါးပါးနဲ့မတူ သူဘာလေးပဲပြောပြောလေးလေးစားစားအရေးတစ်ယူနားထောင်ပေးတတ်သည်။

သူဒီအခန်းထဲကိုစပြောင်းလာထဲကသပ်သပ်ရပ်ရပ်နေရသည်။ အရင်လိုနေချင်သလိုမနေရ။ ဦးဘီရိုတစ်၀က်မှာနေရာယူလိုက်တဲ့သူ့အ၀တ်တွေကသေသပ်ညီညာစွာ ဦးကထည့်ပေးထားသည်။

ဘေးအကန့်လေးထဲမှာ ဦးကပိုက်ဆံတွေသိမ်းထားတတ်ပြီးသူကိုသော့တစ်ချောင်းပေးထားသည်။ လိုတာထက်ပိုမသုံးဖို့ အသုံးနဲ့အဖြုန်းကိုခွဲတတ်ဖို့လဲ ဦးကသင်ပေး၏။ သိပ်ကိုနွေးထွေးပြည်စုံတဲ့ဦးပါပဲ ။ သူလူရွေးမမှားခဲ့ပါ။

"ကျွန်တော် အလုပ်လုပ်ချင်လို့ ဦး "

မျက်မှန်ကို အ၀တ်စလေးနဲ့သုတ်ရင်း ဦးကသူကိုကြည့်လာသည်။ မျက်မှန်ကိုတပ်လိုက်ရင်း နွေးထွေးစွာ ဦးပြုံးတယ်။

"အလုပ်လုပ်ချင်စိတ်ရှိတာကောင်းပါတယ် ဒါပေ့မယ့်မျိုးသန့်သိရင်ကောင်းပါ့မလား "

ဖေဖေ ဆိုမှ သူသတိရသွားပြန်သည်။ ဖေဖေက သူကိုစိတ်ချလို့ပဲလား ဒါမှမဟုတ်သတိမရလို့လား ခုချိန်ထိ သူကိုဆက်သွယ်မလာခဲ့ပါ ။ သူ ဦးခါးကိုတိုးဝှေ့ဖက်ရင်း မျက်ရည်၀ိုင်းမိသည်။

"ပါးပါး ကကျွန်တော်ကို သတိမရတော့ပါဘူး "

သြဇာ ကောင်လေးခေါင်းလေးကိုငြင်သာစွာပွတ်ပေးရင်း ငုံ့နမ်းလိုက်သည်။

"မိဘဆိုတာ ဘယ်သားသမီးကိုမှပစ်မထားပါဘူး ။ အကြောင်းတစ်ခုခုရှိလို့နေမှာပါ၊ ဟောကျ်ားဆိုတာခဏခဏ မျက်ရည်မကျရ
ဘူး "

"ဟုတ် ...ကျွန်တော်အလုပ်လုပ်ဖို့
က "

"အင်း...ဟုတ်သားပဲ မင်းဘာအလုပ်လုပ်ချင်လို့လဲ "

ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)Where stories live. Discover now