ကျောဘက်ကရနေတဲ့အနွေးဓာတ်လေးက မနက်ခင်းရဲ့နွေးထွေးမူ့ကိုအစွမ်းကုန်ပံ့ပိုးပေးထားသည်။ နေသားကျနေတာမျိုးမဟုတ်ပဲ ထပ်တူအသားကျနေခဲ့တာ။ဦး ခါးတွေတိုးလို့ဖက်ထားရင်း ရင်ဘတ်တွေကိုခိုးနမ်းနေမိသည်။ မနက်တိုင်းအတူနိုးထခွင့်ပေးတဲ့ကံကြမ္မာကိုကျေးဇူးတင်သည်။ ချစ်ရသူအနားမှာဆိုတဲ့အသိက ဘယ်နေရာကြည့်ကြည့်အေးမြနေသလို ထိလိုက်တိုင်းလဲနူးညံ့ချိုမြနေပါတော့သည်။
"ကိုယ်..အသက်ရူရကြပ်နေပြီ "
"ငြိုငြင်ပြီပေါ့ "
ပိုင်လေး နူတ်ခမ်းစူရင်းပြောတော့ဦးကခေါင်းကိုမော့ကာရယ်သည်။ ဆံပင်ကောက်လေးတွေကြားထိုးသွင်းပွတ်သပ်ရင်း မျက်လုံးကထွက်လာတဲ့မျက်၀တ်တွေကို ဦးက လက်နဲ့ပွတ်သပ်ပေးသည်။
"ညစ်ပတ်တယ် မလုပ်နဲ့! "
"ပြွတ်!!ကိုယ်ကချစ်လို့လေ "
"အီး..."
ဦး ပြောရင်းနဖူးကိုနမ်းတော့ဒီကောင်ရူးရပြန်သည်။ ပိုင်လေး ခွေးပေါက်လေးလိုအီရင်း ဦးကို တိုးလို့ဖက်ကာ တိုးဝှေ့နေမိသည်။
"ကိုယ်တော့ အကျင့်ပျက်နေပါပြီကွာ "
နာရီကိုလှမ်းကြည့်ရင်း ဦးကဆိုတော့ ပိုင်လေး မျက်စောင်းထိုးလိုက်သည်။
"ဒီကောင်က အလုပ်ပိတ်ရက်လေးကပ်ရတာကို... "
နူတ်ခမ်းကိုစူကာပြောတော့ ဦးကထပ်ရယ်ပြန်သည်။ ဘဲငန်းစွပ်ကျယ်နဲ့ပုဆိုးကိုသာအမြဲည၀တ်အိပ်တတ်တဲ့ဦးက ပကာသနတွေမပါတာတောင် ခန့်ညားနေဆဲပါ။ ဘောင်ခပ်မထားတဲ့ဦးမျက်၀န်းတွေက တစ်ကယ့်ကိုအကြည်ဓာတ်တစ်မျိုးရှိသည်။
"မျက်မှန်ကဘာလို့အမြဲတပ်ထားရတာလဲဟင် "
"ကိုယ်ကအဝေးမှုန်တယ်လေ "
"အော်..."
စိတ်မကောင်းသလိုဖြစ်သွားတဲ့မျက်နှာလေးကိုကြည့်ကာ သြဇာ အူယားသွားပြီး လက်မောင်းလေးကို ကြင်နာစွာပွတ်သပ်လိုက်သည်။
"အခုတော့အနီးပါမှုန်သွားပြီ "
"ဟင်..ဘာလို့လဲ !"
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)
Romanceအေးတယ်၊ငြိမ်းတယ်၊မွှေးတယ် အရာရာပြည်စုံနေတဲ့ ဦးက ကျွန်တော်အတွက်သိပ်ချိုတယ်။ ဦးသြဇာရှိန်+ဆုလာဘ်မင်းပိုင်