အပိုင်း(21)🍀‼️

8.4K 239 47
                                    

ဆက်တိုက် ခေါ်နေသောဖုန်းက ၀င်နေပေ့မယ့် တစ်ဖက်က ပြန်လည်ဖြေကြားခြင်းမရှိ။ မနက်ထဲကအကြိမ်ကြိမ်ခေါ်နေခဲ့ပေ့မယ့် ဖြေဆိုမယ့်သူမရှိ ကိုင်သူမဲ့နေသည်ထင်။

" ဟူးး..."

ဖြိုးကို စိတ်ရူပ်စွာ နံရံကိုမှီကာထိုင်ချလိုက်သည်။ မူတ်ထုတ်လိုက်တဲ့သက်ပြင်းတွေကြား သူအပေါ်ထားခဲ့မိတဲ့မျှော်လင့်ချက်လေးတွေပါသွားရင်သိပ်ကောင်းမည်။ မျက်လုံးတွေကလဲနီရဲနေကာ တစ်ခုခုကိုအကြီးကျယ်စိတ်ပျက်နေတဲ့ပုံစံမျိုး ။

ကျူးရင့်ဆီက အဆက်သွယ်မရတာ တစ်ပတ်ကျော်ခဲ့ပြီ။ အရင်ဆိုမတွေ့ဖြစ်ရင်တောင် တစ်နေ့တစ်ကြိမ်တော့ ဖုန်းဆက်သည်။ အခုက လုံး၀ကိုပေါ်မလာတာ တစ်ပတ်ကျော်ခဲ့ပြီ။

ချစ်မိခဲ့တာဟာ ဒီလောက်ထိပူလောင်ခဲ့ရမယ်ဆို မချစ်မိအောင်ကြိုးစားခဲ့မိမှာ ။ ရူန်းထွက်လေနှစ်လေဖြစ်နေတဲ့ချစ်ခြင်းတွေက ကိုယ်ကို မချစ်မနှစ်သက်တတ်တဲ့သူကိူမှကပ်တွယ်ချင်ကြတာဟာလူသဘာ၀ ။

ဖြိုးကို ဆေးအရှိန်ကြောင့်မအိပ်တာအတော်ကြာခဲ့ပြီ။အစားစားချင်စိတ်လဲမရှိသလို တစ်ခုထဲကိုသာအာရုံတည်စိတ်ရောက်နေခဲ့သည်။ ဒါဟာ သူသိပ်ချစ်ရတဲ့ကျူးရင့် ဆီ ။ နေများမကောင်းလို့လား အတွေးကသူကိုနိုပ်စက်နေသည်။

ဖြိုးကို ၀ုန်းကနဲ ထရပ်တော့လူကမိုက်ကနဲဖြစ်သွားသည်။ နံရံကိုထိန်းကိုင်ရင်း ခဏ ရပ်နေမိသည်။ အပြာရောင်ဆံပင်တွေကြားလက်ထိုးထည့်ရင်း ဆိုင်ကယ်သော့ကို ကောက်ကိုင်လိုက်သည်။ Hoodi ကိုကောက်စွပ်လိုက်ပြီး ဆိုင်ကယ်ကို ကြမ်းတမ်းစွာ မောင်းထွက်လာခဲ့မိ၏။ ဦးတည်ရာက ယုဇန ရက်ကွက်ရှိ ကျူးရင့်ရဲ့အိမ်သို့။

°°°°°°°°°°°°°°°°°°°°°°°°°°°°°°

အိမ်ရှေ့အုတ်ခုံမှာ ဆိုင်ကယ်ရပ်ကာ ဖြိုးကို ထိုင်နေမိသည်။ ၀င်ခေါ်ရမလား ထိုင်စောင့်ရမလား ဆိုတဲ့အတွေးတွေကခေါင်းထဲမှာဒွိဟဖြစ်နေခဲ့သည်။ မ၀ံ့မရဲစိတ်တွေကြောင့်ခေါင်းစွပ်ကို ခေါင်းထိစွပ်လိုက်ပြီး ခဏထိုင်နေမိသည်။

ခြံထဲမှာ ကားတွေသုံးလေးစီးတန်းစီရပ်ထားသည်မို့ ဧည့်သည်တွေရှိနေသည်ထင်။ ဖြိုးကို အချိန်ကြာတဲ့ထိစောင့်နေပေ့မယ့်လူရိပ်တောင်မမြင်ရတော့ စိတ်ကမရှည်သလိုဖြစ်လာသည် ။

ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)Where stories live. Discover now