ဒီနေ့ ကျူးရင့်နောင်ကို အပြီးသတ်အမိန့်ချမဲ့နေ့ ။နှစ်ဘက်မိသားစုအမူ့ရင်ဆိုင်ပြီး ပြစ်မူ့ထင်ရှားသဖြင့် အမိန့်ချမည် နေ့ကိုရောက်ရှိလာပြီဖြစ်သည်။ ရင်ခုန်စိတ်လှုပ်ရှားနေတဲ့ ကောင်လေကို သြဇာ ဘေးကနေ ဖေးမပေးမိသည်။
ကိုယ်တွေဘက်ကသက်သေနဲတကွ ချပြနိုင်ခဲ့တာမို့ ကျူးရင့်နောင်ကို မတရားကိုယ်ထိလက်ရောက်နိုပ်စက်ညင်းပန်းမှု့ (၃၇၅)၊ အလိုမတူပဲအဓ္ဓမပြုကျင့်မှု့(၃၇၆)၊ သေစေလိုသည့်စိတ်ပိုင်းဆိုင်ရာထိခိုက်စေမှု့များဖြင့် တရားစွဲဆိုနိုင်ခဲ့တာဖြစ်သည်။
အားလုံး တရားခွင်ထဲရောက်ရှိနေကြပြီ လူတွေအကုန်စုံနေကြ၏။ ပိုင်လေး ကတော့ ဖြိုးကိုရဲ့အရိုးပြာအိုးလေးကို ယူဆောင်လာကာခပ်တင်းတင်းဆုပ်ကိုင်ထားသည်။
ကောင်လေးက သူငယ်ချင်းအတွက်တရားမျှတမူ့ကိုရလိုသူဖြစ်သည်။ သို့သော့် သြဇာ ကောင်လေးရဲ့စိတ်နုပုံကို သဘောမကျ။ စိတ်မာပြီး အရင်လိုဂျစ်ကန်တဲ့ကောင်လေးကိုသာမြင်လိုသည်။
လူဆိုတာအခက်ခဲတွေကြုံလာတိုင်းပြိုလဲလိုက်ဖို့မှမဟုတ်တာ။ ရင်ဆိုင်နိုင်ရမယ်၊ ကျော်လွှားနိုင်ရမယ်၊ ဖြေသင့်ရင်ဖြေရမယ်၊ တွေ့ဆုံကြုံကွဲလူလောကကြီးက ဒီထက်ပို၍ ရူပ်ထွေးနိုင်ကြောင်း ကောင်လေး ကိုတစ်နေ့တော့သူသေချာပြောပြရအုံးမည်။
တရားသူကြီး၀င်လာတာနဲ့အားလုံးမတ်တပ်ထရပ်ကြရသည်။လက်ထိပ်တန်းလန်းနဲ့ထိုင်နေတဲ့ ကျူးရင့်နောင်ရဲ့ မျက်နှာကသွေးမရှိ။ ပကတိဖြူစုပ်နေကာ မျက်လုံးတွေကတောင်စဥ်ရေမရသလို ခံစားနေရသည်။
တရားသူကြီး အမိန့်စာ၊ ကျမ်းစာ၊ သက်သေနဲ့တကွ အရာအားလုံးကြားနာပြီးချိန် အမိန့်ချမှတ်မည့်အချိန်ကိုရောက်ရှိလာပြီဖြစ်သည်။
"အမိန့်"
အားလုံးပြိုင်တူ ထရပ်လိုက်ကြသည်။
"တရားခံ ကျူးရင့်နောင်
အဘ ဦးမင်းနောင်
နိုင်ငံသားစိစစ်ရေးကတ်အမှတ် ****** သည်
ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၅ မျဥ်းစောင်း ၃၇၆ အရ ပြစ်မှု ထင်ရှားပေါ်ပေါက်ပါသဖြင့်အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၁၁နှစ် ကျခံစေ "
YOU ARE READING
ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)
Romanceအေးတယ်၊ငြိမ်းတယ်၊မွှေးတယ် အရာရာပြည်စုံနေတဲ့ ဦးက ကျွန်တော်အတွက်သိပ်ချိုတယ်။ ဦးသြဇာရှိန်+ဆုလာဘ်မင်းပိုင်