Ch(13)🍀

6.6K 259 9
                                    

ကားမောင်းရင်းမျက်နှာကိုလိုတာထက်ပို၍တင်းမာနေသူကို ပိုင်လေး မကြာခဏ ခိုးကြည့်ရင်း ပြုံးစိစိလုပ်နေမိသည်။ ဦး သူ့ကို ဆိုင်ထဲတစ်ယောက်ထဲပြစ်ထားခဲ့သည်ထိ စိတ်ဆိုးသွားတာ ။

"ဦး .."

ပိုင်လေး တိုးညှင်းစွာခေါ်တော့ တစ်ချက်လှည့်ကြည့်လာပြီးချက်ချင်းပြန်လှည့်သွားသည်။ လာမခေါ်နဲ့ဆိုသည့်သဘောမျိုး။

"စိတ်ဆိုးနေတာလား "

"စိတ်ဆိုးနေတာထက်ပိုတယ် "

ခပ်ဆောင့်ဆောင့်ထွက်လာတဲ့အသံကြောင့်ပိုင်လေး အောက်နူတ်ခမ်းကိုဖိကိုက်လိုက်သည်။ စိတ်ဆိုးနေတဲ့ ဦး ကိုသူ ခိုးကြည့်မိပြန်သည်။ မကြည့်ပဲလဲမနေနိုင်ဘယ်လိုချော့မလဲသူမသိ။ ရွယ်တူသာဆို ဆွဲဖက်နမ်းပြစ်ပြီချော့လိုက်လို့ရသေးသည်အခုကြ။

"ဦး ..."

"ဘာလဲ!"

စိတ်ဆိုးနေသေးတဲ့ဦးအသံကြောင့်ပိုင်လေး အောက်နူတ်ခမ်းကို ထပ်ကိုက်လိုက်ပြန်သည်။

"နူတ်ခမ်းကိုခဏခဏမကိုက်နဲ့ !"

စိတ်လှုပ်ရှားတိုင်းလုပ်မိတတ်တဲ့ ဒီအကျင့်ကြီးကိုလဲသူဖျောက်ပြစ်လို့မရ။

ငြိမ်သွားတဲ့ကောင်လေးကြောင့် သြဇာ တစ်ချက်စောင်းကြည့်လိုက်တော့ကားတံခါးပေါ်မှေးတင်ကာအပြင်ကိုငေးနေသည်။ ပြောပြီးမှသူများလွပ်လပ်ခွင့်မို့နဲနဲတော့အားနာသွားသည်။

နူတ်ခမ်းခဏခဏ ကိုက်တာကိုသူ့သဘောမတွေ့ ။ ကောင်လေး အဲ့လိုကိုက်လိုက်တိုင်း သူစိတ်တွေအနေရခက်သည်။

ငြိမ်ကျသွားသူကြောင့်သူပြောတာပဲမကြိုက်လို့လား ။ မကြိုက်နေပေါ့ သူကြ ကလေးဖြစ်ပြီးမဆင်မခြင်ပြောချင်ရာပြောခဲ့သေးတာပဲ။ကိုယ်မှာ ဘယ်လောက်မျက်နှာပူရတယ်ထင်သလဲ။ ခုခေတ်ကလေးတွေ လက်ရဲဇက်ရဲနဲ့ သိပ်ဆိုးလွန်းတယ်။

"မင်း ဘာပြောမလို့လဲ "

ဒီလိုကြတော့လဲသူမနေနိုင်ပြန်မေးလိုက်မိသည်။

"ကျွန်တော် ဗိုက်ဆာလို့"

သြဇာ စိတ်ဆိုးနေတဲ့ကြားကရယ်ချင်သွားသည် ။ စိတ်တိုနေတဲ့လူကိုပြောရဲသေးသည်။ မပြောရဲစရာတော့မရှိ ဒီကောင်လေးသူဖြစ်ချင်တာဆိုဘယ်သူမှဂရုမစိုက်အချိန်အခါလဲမကြည့် ။

ချစ်ခြင်းဖြင့်ဖွဲ့တည်သော....ဦး(Complete)Where stories live. Discover now